ရုရှားစစ်တပ်အတွက် အင်အား သိန်းနှင့်ချီထပ်ဖြည့်ရန် အကျဉ်ထောင်များတွင် လူသစ်စုဆောင်း

ရုရှားစစ်တပ်အတွက် အင်အား သိန်းနှင့်ချီထပ်ဖြည့်ရန် အကျဉ်ထောင်များတွင် လူသစ်စုဆောင်း
သြဂုတ် 26, 2022 | နိုင်ငံတကာသတင်း
By Mr John

ရုရှားစစ်တပ်တွင် နောက်ထပ် အင်အား သိန်းနှင့်ချီ ထပ်ဖြည့်နိုင်ရန်အတွက် အကျဉ်းထောင်များတွင် လူသစ်စုဆောင်းမှုများရှိနေပြီး ငွေဖြင့်ပါ စည်းရုံးနေကြောင်း သိရသည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်က နိုင်ငံ၏ လက်နက်ကိုင်တပ်ဖွဲ့များတွင် လာမည့်လများအတွင်း နောက်ထပ် တပ်ဖွဲ့ဝင်အင်အား (၁၃၇,၀၀၀) ထပ်ဖြည့်ရန် အမိန့်ဒီကရီတစ်ရပ်ကို ဩဂုတ်လ (၂၅) ရက်နေ့က လက်မှတ်ရေးထိုးလိုက်ခြင်း ဖြစ်သည်။

ရုရှားတွင် စစ်သားသစ်စုဆောင်းရန် အကျဥ်းထောင်များသို့ သွားရောက်ရှာဖွေမှုများ လုပ်ဆောင်နေကြောင်း သတင်းများထွက်ပေါ်နေပြီး အကျဥ်းသားများကို ထောင်မှလွှတ်ပေးပြီး ငွေပေးမည်ဟု ကတိပြု စည်းရုံးနေသည်ဟု ဆိုသည်။ 

ယူကရိန်းစစ်ပွဲအတွက် ရုရှားနိုင်ငံတဝန်း စစ်သားသစ် စုဆောင်းမှုနှင့် ကြီးမားသည့် ငွေပမာဏဖြင့် မက်လုံးပေး ဆွဲဆောင်မှုများရှိနေစဥ် ပူတင်၏ အမိန့်ဒီကရီ ထုတ်ပြန်လာခဲ့ခြင်းလည်း ဖြစ်သည်။ 

လက်ရှိတွင် ရုရှားစစ်တပ်တွင် စစ်ဘက်အမှုထမ်း (၁) သန်းကျော်နှင့် အရပ်သားအမှုထမ်း (၉၀၀,၀၀၀) အဖြစ် ကန့်သတ်ထားခြင်း ဖြစ်သည်။

အနောက်အုပ်စု အရာရှိများ၏ အဆိုအရ ရုရှားက ယူကရိန်းကို လွန်ခဲ့သည့် (၆) လတွင် စတင်ကျူးကျော်ခဲ့ပြီးနောက်ပိုင်း ရုရှားစစ်သား ၇၀,၀၀၀ မှ ၈၀,၀၀၀ သေဆုံးခဲ့သည်ဟု သိရသည်။

ရုရှားတွင် စစ်သားသစ်စုဆောင်းရန် အကျဥ်းထောင်များသို့ သွားရောက်ရှာဖွေမှုများ လုပ်ဆောင်နေကြောင်း သတင်းများထွက်ပေါ်နေပြီး အကျဥ်းသားများကို ထောင်မှလွှတ်ပေးပြီး ငွေပေးမည်ဟု ကတိပြု စည်းရုံးနေသည်ဟု ဆိုသည်။ 

လွန်ခဲ့သည့် သီတင်းနှစ်ပတ်က ဗြိတိန်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ရုရှားနယ်မြေများတွင် မိမိဆန္ဒအလျောက် စစ်တပ်ထဲဝင်လိုသူများကို အဖွဲ့ဖွဲ့စည်းပြီး ထိုအဖွဲ့များက ရုရှားစစ်တပ်၏ တပ်မသစ်တွင် ပါဝင်လာနိုင်သည်ဟု ဆိုသည်။

သို့သော် ယူကရိန်းတွင် မိမိသဘောဆန္ဒအလျောက် စစ်တိုက်လိုသူ အလွန်အကန့်အသတ် အရေအတွက်သာရှိကြောင်းနှင့် ရုရှားစစ်တပ်အတွက် လိုအပ်သည့် စစ်သားအရေအတွက်ကို ရှာဖွေရန် ခက်ခဲလိမ့်မည်ဟု သိရသည်။ 

ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့သည့် ဖေဖေါ်ဝါရီလအတွင်း စစ်ပွဲမှာ အချိန်မကြာရှည်ပဲ ပြီးမြောက်အောင်မြင်မည်ဟု ကနဦး ကတိပြုခဲ့သော်လည်း ယူကရိန်းဘက်က ပြင်းထန်သည့် ခုခံတိုက်ခိုက်မှုကို ကြုံခဲ့ရပြီး သမ္မတပူတင် ရည်မှန်းထားမှုအတိုင်း စစ်ပွဲအခြေအနေ တိုးတက်မှုမှာ တန့်နေခဲ့သည်။

#TachileikNewsAgency

Source: BBC