မူဆယ် - ကွတ်ခိုင်အကြားတွင် အာဏာသိမ်းစစ်အုပ်စုနှင့်  KIA တို့ တိုက်ပွဲ ပြင်းထန်

 ပုံဟောင်းဖြစ်သည်။
ပုံဟောင်းဖြစ်သည်။
မူဆယ် - ကွတ်ခိုင်အကြားတွင် အာဏာသိမ်းစစ်အုပ်စုနှင့်  KIA တို့ တိုက်ပွဲ ပြင်းထန်
ဖေဖော်ဝါရီ 15, 2023 | ရှမ်းမြောက်

 ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ် - ကွတ်ခိုင်အကြားတွင် အာဏာသိမ်းစစ်အုပ်စုနှင့် ကချင်လွတ်မြောက်ရေးတပ်မတော်( Kachin Independence Army

 - KIA )တို့ ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ(၁၅)ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

စစ်ကြောင်းထိုးလာသည့် အာဏာသိမ်းစစ်အုပ်စု၏ တပ်မ(၉၉)တပ်ဖွဲ့များနှင့် စစ်အုပ်စု၏ လက်အောက်ခံ မူဆယ်ပြည်သူ့စစ်ပူးပေါင်းအဖွဲ့များအား KIA တပ်မဟာ(၆)၊ အမှတ် (၉)တပ်ရင်းတပ်ဖွဲ့များက နံနက်ပိုင်းက စတင်ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်အုပ်စုဘက်က ထိခိုက် သေဆုံးမှုများသဖြင့် နေ့လည်ပိုင်းနှင့် ညနေပိုင်းတို့တွင် လေကြောင်းပစ်ကူဖြင့် (၃)ကြိမ် လာရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအတွင်း အာဏာသိမ်းစစ်အုပ်စုနှင့် ဖေဖော်ဝါရီလ(၉)ရက်နေ့ကစတင်ကာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်အုပ်စုဘက်က လေကြောင်း ပစ်ကူပေးလျှက်ရှိသည်။