လားရှိုးမြို့ရှိ Lashio Sunny Hotel  ဗုံးပေါက်ကွဲ

Photo: CJ
Photo: CJ
လားရှိုးမြို့ရှိ Lashio Sunny Hotel  ဗုံးပေါက်ကွဲ

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ရှိ Lashio Sunny Hotel တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်မှာ ယနေ့ ၂၀၂၃ခုနှစ် ဩဂုတ်လ(၆)ရက်နေ့ နံနက်(၁၀)နာရီခွဲဝန်းကျင်အချိန်က ဖြစ်ပွားခြင်း ဖြစ်ပြီး ဗုံးမှာ (၂)လုံးဆင့် ဆက်တိုက်ပေါက်ကွဲခြင်းဖြစ်ကြောင်း သိရသည်။

ပေါက်ကွဲမှုကြောင့် လူထိခိုက်မှုရှိ မရှိ မသိရသော်လည်း ဟိုတယ်တွင် ရပ်ထားသည့် ဆိုင်ကယ်အချို့မှာ ထိခိုက်ပျက်စီးသွားကြောင်းသိရသည်။

ဟိုတယ်အား ဖောက်ခွဲမှုနှင့် ပတ်သက်၍ မည်သည့်အဖွဲ့က လုပ်ဆောင်ပြီး မည်သည့်အတွက်ကြောင့် လုပ်ဆောင်သည်ကိုတော့ မသိရသေးပေ။

ပုံအညွှန်း - ပေါက်ကွဲမှုဖြစ်ပြီး စစ်တပ်နှင့်မီးသတ်တို့ ရောက်ရှိလာကြစဉ်