သီပေါမြို့တွင် ဆန်တစ်ပြည် ကျပ်(၂၀၀)၊ ကြက်ဥ(၅)လုံး ကျပ်(၂၀၀)ဖြင့် ရောင်းချပေးမည်

သီပေါမြို့တွင် ဆန်တစ်ပြည် ကျပ်(၂၀၀)၊ ကြက်ဥ(၅)လုံး ကျပ်(၂၀၀)ဖြင့် ရောင်းချပေးမည်
သြဂုတ် 1, 2021 | ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့တွင် ပြည်သူမှပြည်သူသို့ အဆင်ပြေရေးအနေဖြင့် လူ(၃၀၀)ဦးစာအတွက် ဆန်တစ်ပြည်အထုပ်၊ ကြက်(၅)လုံးအထုပ်၊ ကြာဇံ၊ အချိုရည်နှင့် ပေါင်မုန်ပါသည့် အထုပ်တို့ကို တစ်ထုပ်လျှင်  ကျပ်(၂၀၀)တို့ဖြင့်  ယနေ့ ၂၀၂၁ခုနှစ် ဩဂုတ်လ(၁)ရက်နေ့ နံနက်(၁၀)နာရီတွင် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဆန်(၁)ပြည် တစ်ထုပ်လျှင် ကျပ်(၂၀၀)၊ ကြက်ဥ(၅)လုံးပါဝင်သည့် တစ်ထုပ်လျှင် (၂၀၀)ကျပ် နှင့် ကြာဇံ၊ ပေါင်မုန့် နှင့် အချိုရည် ပါဝင်သည့် တစ်ထုပ်လျှင် ကျပ်(၂၀၀)ဖြင့် တစ်ဦးလျှင် တစ်ထုပ်သာ ဝယ်ယူနိုင်ရန် လူ(၃၀၀)စာအတွက် စီစဉ်ထားကြောင်း သိရသည်။

ပြည်သူမှပြည်သူသို့ အစီအစဉ်အနေဖြင့် ရောင်းချပေးမှုကို ၂၀၂၁ခုနှစ် ဩဂုတ်လ(၁)ရက်နေ့ နံနက်(၁၀)နာရီအချိန်က စ၍ သီပေါမြို့၊ အနောက်ရပ်ကွက်၊ အောင်သပြေလမ်းထောင့်ရှိ  MR.PERFECT Fashion Shop တွင် ရောင်းချပေးမည်ဖြစ်ပြီး ကုန်သည့်အချိန်အထိ ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။