သီပေါမြို့နယ်အတွင်း ပန်ခံကျေးရွာအနီးတွင် တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်း တိုက်ပွဲဖြစ်ပွားနေ 

ပန်ခံကျေးရွာဆိုင်းဘုတ်
ပန်ခံကျေးရွာဆိုင်းဘုတ်
သီပေါမြို့နယ်အတွင်း ပန်ခံကျေးရွာအနီးတွင် တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်း တိုက်ပွဲဖြစ်ပွားနေ 
နိုဝင်ဘာ 21, 2021 | ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း ပန်ခံကျေးရွာအနီးတွင် ယနေ့ နိုဝင်ဘာလ(၂၁)ရက်နေ့ နံနက်အစောပိုင်းက စပြီး လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်မှုများ ဖြစ်ပွားနေ၍ ဒေသခံများမှ စိုးရိမ်နေကြကြောင်း သိရသည်။

မနက်အစောကြီးကနေ ခုထိကြားနေရတုန်းပဲ၊ ပစ်ခတ်မှုတွေ ဆက်တိုက်ကြားနေရတယ်။  အနီးအနား ကျေးရွာနေ ပြည်သူတွေကတော့ စိုးရိမ်နေမှာပဲ

ဟု ဒေသခံ တစ်ဦးက Tachileik News Agency သို့ နိုဝင်ဘာလ(၂၁)ရက်နေ့ နံနက်(၈)နာရီခွဲအချိန်က ပြောသည်။



ယခု တိုက်ပွဲဖြစ်ပွားနေသည့် ပန်ခံကျေးရွာအနီး ချောင်းဆုံကျေးရွာ နှင့် ဆွန်လုံကျေးရွာများအနီးတွင် ပြီးခဲ့သည့် နိုဝင်ဘာလ(၇)ရက်နေ့က တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ အချင်းချင်း ပစ်ခတ်မှုများဖြစ်ပွား၍ ဒေသခံပြည်သူ (၂၅၀)ကျော်သည် သီပေါမြို့ပေါ်သို့ သွားရောက် တိမ်းရှောင်ခဲ့ရပြီးနောက် ယခု ရက်ပိုင်းကမှ နေရပ်သို့ ပြန်သွားကြကြောင်း သိရသည်။



ယခုအခါတွင် ရှမ်းတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအချင်းချင်း ပြန်လည်ပစ်ခတ်မှုများ ဖြစ်ပွားနေ၍ ဒေသခံပြည်သူများမှာ စိုးရိမ်ပူပန်နေရကြောင်း ဒေသခံများထံက သိရသည်။