ထိုင်းနိုင်ငံတွင် အမျိုးသမီးဓာတ်ပုံများသုံး၍ ပရိုဖိုင်အတုဖြင့် ဗီဒီယိုကောလ်ခေါ်ဆိုကာ တစ်ကိုယ်ရည်အာသာဖြေပြီး ခြိမ်းခြောက်ငွေညှစ်မှုများနှင့် ပတ်သက်၍ ထိုင်းရဲတပ်ဖွဲ့က သတိပေး

ထိုင်းရဲတပ်ဖွဲ့ နည်းပညာဆိုင်ရာ ရာဇဝတ်မှုနှိမ်နင်းရေး ဌာနခွဲ (TCSD) လက်ထောက်အကြီးအကဲ ရဲဗိုလ်မှူးကြီး Siriwat Deephor
ထိုင်းရဲတပ်ဖွဲ့ နည်းပညာဆိုင်ရာ ရာဇဝတ်မှုနှိမ်နင်းရေး ဌာနခွဲ (TCSD) လက်ထောက်အကြီးအကဲ ရဲဗိုလ်မှူးကြီး Siriwat Deephor
ထိုင်းနိုင်ငံတွင် အမျိုးသမီးဓာတ်ပုံများသုံး၍ ပရိုဖိုင်အတုဖြင့် ဗီဒီယိုကောလ်ခေါ်ဆိုကာ တစ်ကိုယ်ရည်အာသာဖြေပြီး ခြိမ်းခြောက်ငွေညှစ်မှုများနှင့် ပတ်သက်၍ ထိုင်းရဲတပ်ဖွဲ့က သတိပေး
ဖေဖော်ဝါရီ 15, 2023 | နိုင်ငံတကာသတင်း
By Mr John

 ဗီဒီယိုကောလ်ခေါ်ဆိုမှုအတွင်း တစ်ကိုယ်ရည်အာသာဖြေသည့် အမျိုးသားများမှာ ချောမောလှပသော အမျိုးသမီးဓာတ်ပုံများသုံး၍ ပရိုဖိုင်အတုဖြင့် ခြိမ်းခြောက်ငွေညှစ်သည့် ရာဇဝတ်ဂိုဏ်းများ၏ ပစ်မှတ်ထားခံရနိုင်ကြောင်း ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့က သတိပေးခဲ့သည်။ 

ထိုင်းနိုင်ငံတွင် အရွယ်မရောက်သေးသူနှင့် အရွယ်ရောက်ပြီးသူ အမျိုးသား အနည်းငယ်မှာ ထိုဂိုဏ်းများ၏ သားကောင်ဖြစ်ခဲ့ပြီးဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့ နည်းပညာဆိုင်ရာ ရာဇဝတ်မှုနှိမ်နင်းရေး ဌာနခွဲ Technology Crime Suppression Division (TCSD) လက်ထောက်အကြီးအကဲ ရဲဗိုလ်မှူးကြီး Siriwat Deephor က ဖေဖေါ်ဝါရီလ (၁၄) ရက်တွင် ပြောသည်။

ရာဇဝတ်ဂိုဏ်းများက ၎င်းတို့၏ ပရိုဖိုင်များတွင် ချောမောလှပပြီး ဆွဲဆောင်ရှိသော အမျိုးသမီးဓာတ်ပုံအတုများသုံး၍ ဆိုရှယ်မီဒီယာတွင် သားကောင် ဖြစ်နိုင်ခြေရှိသူများထံသို့ သူငယ်ချင်းဖြစ်ခွင့်တောင်းဆိုမှုများ ပေးပို့လေ့ရှိကြောင်း သိရသည်။ 

ထို့နောက် အွန်လိုင်းတွင် သူငယ်ချင်းဖြစ်လာပြီး လိင်ကိစ္စကို ဦးတည်သည့် စကားပြောလာကာ နောက်ဆုံးတွင် ပစ်မှတ်ထားခံရသူကို ဗီဒီယိုကောလ်ခေါ်ဆိုရန် သွေးဆောင်ဖြားယောင်းကြသည်ဟု ဆိုသည်။ 

ထို့နောက် ပစ်မှတ်ထားခံရသည့် အမျိုးသားများက ဗီဒီယိုကောလ်အတွင်း တစ်ကိုယ်ရည်အာသာဖြေမှု လုပ်ဖြစ်သွားကြသည်။

ရာဇဝတ်ဂိုဏ်းများက ထိုဗီဒီယိုများကို မှတ်တမ်းရယူထားပြီး ၎င်းတို့ကို အသုံးချ၍ ပစ်မှတ်ထားခံရသူများကို ခြိမ်းခြောက်ငွေညှစ်ကြကြောင်း TCSD ပြောခွင့်ရအမျိုးသားက ပြောသည်။ 

ပစ်မှတ်ထားခံရသူများက ငွေပေးရန် ငြင်းဆန်ပါက ၎င်းတို့၏ တစ်ကိုယ်ရည်အာသာဖြေမှု ဗီဒီယိုကို သူငယ်ချင်းများ သို့မဟုတ် မိသားစုထံသို့ ပို့သွားမည် သို့မဟုတ် အွန်လိုင်းတွင် ဖြန့်ဝေမည်ဟု ရာဇဝတ်ဂိုဏ်းများက ခြိမ်းခြောက်လေ့ရှိကြောင်း သိရသည်။

ပုံမှန်အားဖြင့် ရာဇဝတ်ဂိုဏ်းဝင်များက ၎င်းတို့ ပစ်မှတ်ထားသူများထံမှ ခြိမ်းခြောက်ငွေညှစ်ရန် အဓိက လုပ်ဆောင်လေ့ရှိပြီး ဗီဒီယိုများကို အွန်လိုင်းတွင် ဖြန့်ဝေခဲ့ခြင်းမရှိဟု ဆိုသည်။ 

သို့သော် မကြာသေးမီကမူ ပစ်မှတ်ထားခံရသူများက ငွေပေးခဲ့သော်လည်း ဗီဒီယိုအချို့ကို အွန်လိုင်းတွင် ဖြန့်ဝေမှုရှိခဲ့ကြောင်း သိရသည်။ 

ထိုလုပ်ရပ်က ပစ်မှတ်ထားခံသူများကို ထိခိုက်စေခဲ့ကြောင်း ရဲဗိုလ်မှူးကြီး Siriwat က ပြောသည်။

အမျိုးသားများအနေဖြင့် မည်သည့် ဗီဒီယိုကောလ်ခေါ်ဆိုမှုတွင်မဆို တစ်ကိုယ်ရည်အာသာဖြေမှု မလုပ်ကြရန် သို့မဟုတ် ထိုကဲ့သို့သော ဗီဒီယို သို့မဟုတ် ဓာတ်ပုံများကို မည်သူ့ထံကိုမှ မပို့ကြရန် TCSD မှ ရဲဗိုလ်မှူးကြီးက အကြံပြုခဲ့သည်။ 



Source: Bangkok Post