ထိုင်းနိုင်ငံတွင် ခြံလုပ်သား မြန်မာရွှေ့ပြောင်းလုပ်သားမိသားစုကိုသတ်၍ ပစ္စည်းလုသွားသည့် သံသယရှိ မြန်မာတစ်ဦး လွတ်မြောက်နေဆဲ

ထိုင်းနိုင်ငံတွင် ခြံလုပ်သား မြန်မာရွှေ့ပြောင်းလုပ်သားမိသားစုကိုသတ်၍ ပစ္စည်းလုသွားသည့် သံသယရှိ မြန်မာတစ်ဦး လွတ်မြောက်နေဆဲ
အောက်တိုဘာ 23, 2019
By 🌸
ထိုင်းနိုင်ငံတွင် ခြံလုပ်သား မြန်မာရွှေ့ပြောင်းလုပ်သားမိသားစုကိုသတ်၍ ပစ္စည်းလုသွားသည့် သံသယရှိ မြန်မာတစ်ဦး လွတ်မြောက်နေဆဲ

ထိုင်းနိုင်ငံ၊ ချင်းဒေါင်ဒေသမှ မြန်မာရွှေ့ပြောင်းလုပ်သားမိသားစု (၃)ဦးကို သတ်ပြီး ရွှေနှင့် ဘတ် (၆)သိန်းဝန်းကျင်ကို ယူဆောင်သွားသည့် လူသတ်မှုမှ သံသယရှိမြန်မာတစ်ဦး လွတ်မြောက်နေဆဲဖြစ်သည်ဟု ရဲတပ်ဖွဲ့ထံက ထုတ်ဖေါ်ပြောကြားသည်။

“သတ်တဲ့သူက ဓါးရော၊ တူရော သုံးပြီး လူသုံးယောက်ကို သတ်သွားတယ်။ အတော်ရက်ရက်စက်စက် လုပ်သွားတာပဲ။ အသတ်ခံရတဲ့ အမျိုးသားနဲ့ သူ့ဇနီးကို ဓါးနဲ့ခုတ်ပြီး သူတို့ကလေးကို တူနဲ့ ထုသွားတာ”ဟု ရဲချုပ်က ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၂၂)ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
အဆိုပါမိသားစု (၃)ဦး နေအိမ်အတွင်း သေဆုံးနေသည်ကို ရဲတပ်ဖွဲ့က အောက်တိုဘာလ (၂၂)ရက်နေ့ နံနက် (၉)နာရီ၌ သတင်းရရှိခဲ့ခြင်းဖြစ်သည်ဟု ယင်းနေ့မှာပင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

သေဆုံးသွားသည့် မိသားစုမှာ စိုက်ပျိုးရေးခြံတွင် အလုပ်လုပ်ကိုင်နေကြသည့် အသက် (၄၀)အရွယ် ကျန်သ ဇနီဖြစ်သူ အသက် (၅၅)နှစ်အရွယ် အွန် နန်းဆိုင်နှင့် သမီးဖြစ်သူ အသက် (၂၈)နှစ်အရွယ် ခန်တို့ဖြစ်ကြောင်း သိရပြီး ၎င်းတို့အား သတ်သွားသူမှာ ရင်းနှီးသူထဲမှဖြစ်မည်ဟု ရဲတပ်ဖွဲ့က ခန့်မှန်းထားသည်။

ခြံလုပ်သားများအဖြစ် အလုပ်လုပ်နေကြသည့် အဆိုပါမိသားစုသည် အလုပ်ကြိုးစားကာ ငွေကြေးစုဆောင်းသူများဖြစ်သည်ဟု အိမ်နီးချင်းများက ဆိုသည်။

Tachileik News Agency
Source: Khaosod

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~
ထုိင္းႏုိင္ငံတြင္ ၿခံလုပ္သား ျမန္မာေရႊ႕ေျပာင္းလုပ္သားမိသားစုကိုသတ္၍ ပစၥည္းလုသြားသည့္ သံသယရိွ ျမန္မာတစ္ဦး လြတ္ေျမာက္ေနဆဲ

ထုိင္းႏုိင္ငံ၊ ခ်င္းေဒါင္ေဒသမွ ျမန္မာေရႊ႕ေျပာင္းလုပ္သားမိသားစု (၃)ဦးကို သတ္ၿပီး ေရႊႏွင့္ ဘတ္ (၆)သိန္းဝန္းက်င္ကို ယူေဆာင္သြားသည့္ လူသတ္မႈမွ သံသယရိွျမန္မာတစ္ဦး လြတ္ေျမာက္ေနဆဲျဖစ္သည္ဟု ရဲတပ္ဖြဲ႕ထံက ထုတ္ေဖၚေျပာၾကားသည္။

“သတ္တဲ့သူက ဓါးေရာ၊ တူေရာ သံုးၿပီး လူသံုးေယာက္ကို သတ္သြားတယ္။ အေတာ္ရက္ရက္စက္စက္ လုပ္သြားတာပဲ။ အသတ္ခံရတဲ့ အမ်ိဳးသားနဲ႔ သူ႔ဇနီးကို ဓါးနဲ႔ခုတ္ၿပီး သူတုိ႔ကေလးကို တူနဲ႔ ထုသြားတာ”ဟု ရဲခ်ဳပ္က ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ (၂၂)ရက္ေန႔ သတင္းစာရွင္းလင္းပြဲတြင္ ေျပာသည္။

အဆိုပါမိသားစု (၃)ဦး ေနအိမ္အတြင္း ေသဆံုးေနသည္ကို ရဲတပ္ဖြဲ႕က ေအာက္တိုဘာလ (၂၂)ရက္ေန႔ နံနက္ (၉)နာရီ၌ သတင္းရရိွခဲ့ျခင္းျဖစ္သည္ဟု ယင္းေန႔မွာပင္ ျပဳလုပ္သည့္ သတင္းစာရွင္းလင္းပြဲတြင္ ေျပာၾကားသည္။

ေသဆံုးသြားသည့္ မိသားစုမွာ စိုက္ပ်ိဳးေရးၿခံတြင္ အလုပ္လုပ္ကိုင္ေနၾကသည့္ အသက္ (၄၀)အရြယ္ က်န္သ ဇနီျဖစ္သူ အသက္ (၅၅)ႏွစ္အရြယ္ အြန္ နန္းဆုိင္ႏွင့္ သမီးျဖစ္သူ အသက္ (၂၈)ႏွစ္အရြယ္ ခန္တုိ႔ျဖစ္ေၾကာင္း သိရၿပီး ၎တို႔အား သတ္သြားသူမွာ ရင္းနွီးသူထဲမွျဖစ္မည္ဟု ရဲတပ္ဖြဲ႕က ခန္႔မွန္းထားသည္။

ၿခံလုပ္သားမ်ားအျဖစ္ အလုပ္လုပ္ေနၾကသည့္ အဆိုပါမိသားစုသည္ အလုပ္ႀကိဳးစားကာ ေငြေၾကးစုေဆာင္းသူမ်ားျဖစ္သည္ဟု အိမ္နီးခ်င္းမ်ားက ဆိုသည္။

Tachileik News Agency
Source: Khaosod

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net