ဂျပန်နိုင်ငံတွင် ဓားဖြင့်ထိုးပြီး သေနတ်ဖြင့် ပစ်ခတ်သည့် တိုက်ခိုက်မှု တစ်ခုအတွင်း ရဲအရာရှိ (၂) ဦး အပါအဝင် လူ (၃) ဦး သေဆုံး

ဂျပန်နိုင်ငံတွင် ဓားဖြင့်ထိုးပြီး သေနတ်ဖြင့် ပစ်ခတ်သည့် တိုက်ခိုက်မှု တစ်ခုအတွင်း ရဲအရာရှိ (၂) ဦး အပါအဝင် လူ (၃) ဦး သေဆုံး
By Mr John

ဂျပန်နိုင်ငံ အလယ်ပိုင်း နာဂါနိုစီရင်စု နာကာနိုမြို့တွင် ၂၀၂၃ခုနှစ် မေလ (၂၅) ရက်နေ့က ဖြစ်ပွားခဲ့သည့် ဓားဖြင့်ထိုး၊ သေနတ်ဖြင့် ပစ်ခတ်သည့် တိုက်ခိုက်မှုတစ်ခု အတွင်း ရဲအရာရှိ (၂) ဦး အပါအဝင် လူ (၃) ဦး သေဆုံးခဲ့ကြောင်း သိရသည်။

မေလ (၂၅) ရက်နေ့၏ ဒေသစံတော်ချိန် မွန်းလွဲပိုင်းတွင် အမျိုးသားတစ်ဦးက အမျိုးသမီးတစ်ဦးကို ဓားဖြင့်ထိုးခဲ့ကြောင်း သတင်းပေးတိုင်ကြားမှု လက်ခံရရှိခဲ့သည်ဟု ရဲတပ်ဖွဲ့က CNN ကို ပြောသည်။

ရဲတပ်ဖွဲ့က အခင်းဖြစ်နေရာသို့ အလျင်အမြန် သွားရောက်ခဲ့ချိန်တွင် အမျိုးသားတစ်ဦးက လူ (၄) ဦးကို အမဲလိုက် ရိုင်ဖယ်သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်။ 

ထိုတိုက်ခိုက်သူ အမျိုးသားက အဆောက်အအုံတစ်ခုအတွင်း ဝင်ရောက်ခိုအောင်းနေခဲ့ပြီးနောက် အခင်းဖြစ်နေရာမှ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။ 

ဓားဖြင့်အထိုးခံရသည့် အမျိုးသမီးကို ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီးနောက် သေဆုံးသွားခဲ့ကြောင်းနှင့် ထိုဖြစ်စဥ်တွင် ရဲအရာရှိ (၂)ဦးလည်း ဒဏ်ရာရခဲ့ပြီး သေဆုံးသွားသည့်အပြင်   အခြား လူတစ်ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။

ထွက်ပြေး လွတ်မြောက်နေသည့် တရားခံ အမျိုးသားက ပြောက်ကျားဦး ထုပ်ဆောင်းထားပြီး မျက်မှန်တပ်ကာ mask တပ်ထားကြောင်း NHK က ဆိုသည်။ 

နာကာနိုမြို့ ရဲတပ်ဖွဲ့က မြို့ခံများကို အိမ်ထဲ၌နေကြရန်လည်း ဆိုရှယ်မီဒီယာမှတစ်ဆင့် ပြောထားသည်။ 

ဂျပန်နိုင်ငံတွင် သေနတ်ဖြင့် အကြမ်းဖက်မှုမှာ အလွန်ရှားပါးပြီး ၎င်း၏ အလွန်တင်းကျပ်သော သေနတ်ထိန်းချုပ်ရေး ဥပဒေများကြောင့် ဂျပန်မှာ ကမ္ဘာတဝန်း သေနတ်ဖြင့် ရာဇဝတ်မှုကျူးလွန်မှုနှုန်း အနိမ့်ဆုံးနိုင်ငံများအနက် ပါဝင်သည်။

 Source: CNN, Reuters

Photo: Kyodo News