ရေဂါလံပေါင်း (၁၂)သန်းကျော် အသုံးပြုထားသည့် သဲကန္တရအလယ်က မြစ်တစ်စင်း

ရေဂါလံပေါင်း (၁၂)သန်းကျော် အသုံးပြုထားသည့် သဲကန္တရအလယ်က မြစ်တစ်စင်း
ဇူလိုင် 22, 2023 | နိုင်ငံတကာသတင်း
By Mr John

 

အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ (ယူအေအီးနိုင်ငံ) အဘူဒါဘီမြို့လယ်မှ ကားဖြင့် တစ်နာရီခွဲကြာမျှသာ မောင်းနှင်သွားရောက်နိုင်သော Al Ain မြို့တွင် သဲကန္တာရအတွင်း မြစ်တစ်စင်း စီးဆင်းနေသည်ကို တွေ့နိုင်သည်။ 

ထိုမြစ်မှာ သဘာဝအတိုင်း ဖြစ်တည်နေသည့် မြစ်တစ်စင်းမဟုတ်ဘဲ အဘူဒါဘီ၏ မိုးခေါင်သော တောင်တန်းများနှင့် ကျယ်ပြောသည့် သဲကန္တရတစ်ခုကြား အမေရိကန်ဒေါ်လာ သန်း (၅၀) အကုန်အကျခံ ဖန်တီးထားသည့် လူလုပ်ဥယျာဥ်အတွင်း ပါဝင်သည့် အစိတ်အပိုင်း ဖြစ်သည်။

Al Ain Adventure Park က ၎င်းတို့ ဖန်တီးထားသည့် မြစ်မှာ အရှေ့အလယ်ပိုင်းတွင် အပျော်ဖောင်စီးခြင်း၊ လှေလှော်ခြင်းနှင့် ရေလွှာလှိုင်းစီးခြင်းတို့ ပြုလုပ်နိုင်သည့် ပထမဆုံး အပန်းဖြေနေရာဖြစ်ကြောင်း ပြောထားသည်။ 

သဘာဝမြစ်များ မရှိသည့် ဒေသတစ်ခုတွင် မြစ်တစ်စင်း စီးဆင်းနေခြင်းက ထူးခြားအံ့ဩဖွယ် မြင်ကွင်းဖြစ်ပြီး ထိုဒေသ၏ နွေရာသီ အပူချိန်များမှာ (၄၉) ဒီဂရီဆဲလ်စီးယပ် အထက်သို့ မကြာခဏ မြင့်တက်လေ့ရှိသည်။

 

ယူအေအီးနိုင်ငံတွင် ကမ်းခြေများ၊ နှင်းများနှင့် မိုးရွာသွန်းမှုကိုပင် တုပဖန်တီးထားရာ Al Ain Adventure Park အပန်းဖြေဥယျာဥ်ကလည်း မြစ်တစ်စင်းကို ဖန်တီးခဲ့ခြင်း ဖြစ်သည်။ 

Al Ain အပန်းဖြေဥယျာဥ်တွင် ကမ္ဘာ့အဆင့်မီ လှေလှော်ခြင်းနှင့် အပျော်ဖောင်စီးခြင်း အတွေ့အကြုံများ ခံစားနိုင်ရန် စီစဥ်ပေးထားသည်။

(၁.၂) ကီလိုမီတာ (၀.၇၅ မိုင်) ရှည်လျားသော သဲကန္တာရအလယ်မှ မြစ်ကြောင်းတစ်လျှောက် လှေလှော်သူများနှင့် အပျော်ဖောင်စီးသူများအတွက် စိန်ခေါ်မှုရှိသော ခရီးစဥ်တစ်ခုကို ဝန်ဆောင်မှုပေးနိုင်ကြောင်း သိရသည်။ 

ထိုမြစ်အတွင်း ရေဂါလံ (၁၂.၄) သန်းကို အသုံးပြုထားကြောင်း Al Ain Adventure Park က ဆိုသည်။

#TachileikNewsAgency

Source: CNN