ကရင်နီ(ကယား)ပြည်နယ်တွင် ဇန်နဝါရီလ၏ တစ်လတာအတွင်း တိုက်ပွဲပေါင်း (၃၆)ကြိမ် ဖြစ်ပွားပြီး အာဏာသိမ်းစစ်အုပ်စုဘက်က (၂၀)ကျော် သေသွား

ကရင်နီ(ကယား)ပြည်နယ်တွင် ဇန်နဝါရီလ၏ တစ်လတာအတွင်း တိုက်ပွဲပေါင်း (၃၆)ကြိမ် ဖြစ်ပွားပြီး အာဏာသိမ်းစစ်အုပ်စုဘက်က (၂၀)ကျော် သေသွား
ဖေဖော်ဝါရီ 3, 2023 | 2021 Military Coup| ကယား

 ကရင်နီ(ကယား)ပြည်နယ်တွင် ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ၏ တစ်လတာ ကာလအတွင်း တိုက်ပွဲပေါင်း (၃၆)ကြိမ် နှင့် KNDF မှ ရှောင်တခင် တိုက်ခိုက်မှု(၁၀) ကြိမ်ပြုလုပ်ခဲ့ရာ စစ်ကောင်စီတပ်မှ တပ်သား(၂၂)ဦး သေဆုံးခဲ့‌ကြောင်း KNDF က ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ(၃)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

3

ဇန်နဝါရီလ၏ ဒုတိယပတ်တွင် စစ်ကြောင်း (၃)ကြောင်းဖြင့် ဒီးမော့ဆိုမြို့နယ်၊ စံပြ(၆)မိုင်ဘက်သို့ ထိုးစစ်ဆင်လာသဖြင့် (၆)ရက်ကြာ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရသည်။

ထိုမှတဆင့် ဒီးမော့ဆိုအရှ့ဘက်ခြမ်းဖြစ်သည့် ဇရပ်ဖြူကျေးရွာနှင့် နန်းဟူတွေကျေးရွာများသို့ ဇန်နဝါရီလ တတိယအပတ်တွင် ဆက်လက်စစ်ကြောင်းထိုးခဲ့သဖြင့် ကရင်နီတပ်မတော်(KA)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ( KNDF ) တို့မှ ခုခံတိုက်ခိုက်ခဲ့ရာ နန်းဟူတွေကျေးရွာအနီးတွင် ယနေ့အထိတိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရသည်။

လွိုင်ကော်မြို့ အရှေ့ဘက်ခြမ်းကိုလည်း ဇန်နဝါရီလ (၁၉)ရက်နေ့ ကစ၍ စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးလာသဖြင့် လွိုင်ကော်အရှေ့ခြမ်းနှင့် ရှားတောမြို့နယ် နယ်စပ်တို့တွင် ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဇန်နဝါရီလ (၂၀)ရက်တွင်မူ ဘောလခဲမြို့နယ်၊ နန်းဖဲကျေးရွာအနီးရှိအကြမ်းဖက်စစ်ကောင်စီ၏ ဗျူဟာမြောက် မယ့်စလောင်းတောင် စခန်းအား ကရင်နီပူးပေါင်းတပ်ဖွဲ့များမှ ချေမှုန်းတိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

ဇန်နဝါရီလ (၂၂)ရက်နေ့မှ (၂၄)ရက်နေ့အထိ စစ်ကောင်စီတပ်သည် လွိုင်ကော်မြို့၊ စစ်ရှောင်စခန်းနှင့် ကျေးရွာများသို့ လေကြောင်းဖြင့် (၄)ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဒါ့အပြင် စစ်ကောင်စီတပ်သည် ဇန်နဝါရီလအတွင်း ဒီးမော့ဆိုမြို့ နယ်၊ ဖရူဆိုမြို့နယ်၊ လွိုင်ကော်မြို့၊ ဘော်လခဲမြို့နယ်နှင့် ရွာသစ်မြို့နယ်ခွဲတို့အတွင်းရှိ ကျေးရွာများသို့ လက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့သဖြင့် လူနေအိမ် (၅)လုံး၊ ဘုန်းကြီးကျောင်း(၂)ကျောင်း၊ စေတီတစ်ဆူပျက်စီးခဲ့ရကာ အရပ်သား (၁)ဦး လက်နက်ကြီး ထိမှန်သေ ဆုံး၊ (၅) ဦးဒဏ်ရာရပြီး တိုက်ပွဲများအတွင်း KNDF မှ ရဲဘော် (၅)ဦး ကျဆုံးခဲ့ရကြောင်း သိရသည်။

ပုံအညွှန်း - ၂၀၂၃ခုနှစ်၏ ဇန်ဝါရီလအတွင်း ပုံများ

 

Photo: KNDF