ကော့ကရိတ်မြို့ကို စစ်ကောင်စီတပ်က လက်နက်ကြီးနှင့်ပစ်ကာ လေကြောင်းမှ ဗုံးကြဲနေ

ကော့ကရိတ်မြို့ကို စစ်ကောင်စီတပ်က လက်နက်ကြီးနှင့်ပစ်ကာ လေကြောင်းမှ ဗုံးကြဲနေ
ဇန်နဝါရီ 27, 2024 | 2021 Military Coup| အခြားဒေသများ

ကရင်ပြည်နယ် ကော့ကရိတ်မြို့ကို စစ်ကောင်စီတပ်က လက်နက်ကြီး အပါအဝင် လေကြောင်းတို့မှ ယနေ့ ၂၀၂၄ခုနှစ် ဇန်နဝါရီလ (၂၆)ရက်နေ့ကစတင်ကာ လက်နက်ကြီးနှင့်ပစ်ခတ်ပြီး လေကြောင်းမှ ဗုံးကြဲနေကြောင်း ကျားဖြူစစ်ကြောင်းထံမှ သိရသည်။

ယမန်နေ့ ဇန်နဝါရီလ (၂၆)ရက်နေ့ နံနက်ပိုင်းမှစတင်ကာ ညပိုင်းအထိ စစ်ကောင်စီတပ်များသည် ကော့ကရိတ်မြို့တွင်းကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည်ဟု သိရသည်။

ယ‌နေ့ ဇန်နဝါရီလ(၂၇)ရက်နေ့ နံနက်ပိုင်းတွင် Y-12 Military Transport လေယာဉ် (၂)စီးဖြင့် မြို့တွင်းသို့ (၆၀)မမဗုံးသီး၊ (၈၁)မမ ဗုံးသီးများဖြင့် ကြဲချကာ ကော့ကရိတ်မြို့ကို အလုံးစုံ ပျက်စီးရန် ရည်ရွယ်ချက်ရှိရှိ ဖျက်စီးနေသည်ဟု သိရသည်။

ပြည်သူများအနေဖြင့် မည်သို့သောသတင်းများ ကြားသည်ဖြစ်စေ တော်လှန်ရေးအဖွဲ့များထံ မေးမြန်းစုံစမ်းခြင်းမရှိပဲ ကော့ကရိတ်မြို့အတွင်းသို့ ပြန်မလာကြရန်နှင့် လုံခြုံဘေးကင်းသော နေရာများတွင် နေထိုင်ကြရန်လည်း အသိပေးထားသည်။

#TachileikNewsAgency