ဆဲဗင်းဂျူလိုင် ကျောင်းသားအရေးတော်ပုံနေ့ ABSDFချင်းတွင်းဒေသ၌ ပြုလုပ်

ဆဲဗင်းဂျူလိုင် ကျောင်းသားအရေးတော်ပုံနေ့ ABSDFချင်းတွင်းဒေသ၌ ပြုလုပ်

(၆၁)နှစ်ပြည့် ဆဲဗင်းဂျူလိုင် ကျောင်းသားအရေးတော်ပုံနေ့ အထိမ်းအမှတ်အဖြစ် ကျဆုံးကျောင်းသားရဲဘော်များအား အလေးပြုခြင်း အခမ်းအနားကို  မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ကျောင်းသားတပ်မတော်)၊ စစ်ကြောင်း (၃) ချင်းတွင်းဒေသ တပ်ရင်း၌ ယနေ့ ၂၀၂၃ခုနှစ် ဇူလိုင်လ (၇)ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

၁၉၆၂ ခုနှစ် ဇူလိုင်လ (၇)ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် 7 Julyကျောင်းသားအရေးတော်ပုံနှင့် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အဦးအား စစ်အာဏာရှင်များမှ ဗုံးခွဲဖျက်စီးခဲ့ပုံ သမိုင်းကြောင်းအား အနာဂတ်မျိုးဆက်သစ် လူငယ်ရဲဘော်များအား ဟောပြောခြင်း  ပြုလုပ်ခဲ့ကြသည်ဟု ဆိုသည်။

၁၉၆၂ ခုနှစ် ဇူလိုင်လ (၇)ရက်နေ့တွင် ကျဆုံးခဲ့သော ကျောင်းသားရဲဘော်များနှင့် ခေတ်အဆက်ဆက် အာဏာရှင်ဆန့်ကျင်ရေးတွင် ကျဆုံးခဲ့သော ရဟန်းရှင်လူ ကျောင်းသားပြည်သူများအား ဝမ်းနည်းခြင်း အထိမ်းအမှတ်အနေဖြင့် ယနေ့ ဇူလိုင်လ ၇ ရက်တွင် ABSDF ချင်းတွင်းဒေသတပ်ရင်းတွင် အလံတဝက် လွှင့်ထူခြင်းလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Photo : ABSDF Column-3