ရေစကြိုမြို့နယ်တွင် တပ်ချိန်းရန်လာသည့် စစ်ကောင်စီတပ်များကို ကာကွယ်ရေး ၁၃ဖွဲ့က ပူးပေါင်းတိုက်ခိုက်

ရေစကြိုမြို့နယ်တွင် တပ်ချိန်းရန်လာသည့် စစ်ကောင်စီတပ်များကို ကာကွယ်ရေး ၁၃ဖွဲ့က ပူးပေါင်းတိုက်ခိုက်
အောက်တိုဘာ 19, 2023 | 2021 Military Coup| အခြားဒေသများ

မကွေးတိုင်း ရေစကြိုမြို့နယ်တွင် တပ်ချိန်းရန်လာသည့် စစ်ကောင်စီတပ်များကို ဒေသကာကွယ်ရေးတပ် (၁၃)ဖွဲ့က (၂)ရက်ကြာ ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ခုနှစ် အောက်တိုဘာလ (၁၂)ရက်နေ့ကစတင်ကာ ရေစကြိုမြို့မှ စက်လှေဖြင့် ကူးလာသော အင်အား(၉၀)ဝန်းကျင်ပါ စစ်ကောင်စီတပ်ဖွဲ့သည် ကျောက်ရစ်မှ စစ်ကောင်စီတပ်ဖွဲ့နှင့် တပ်ချိန်းရန်လာစဉ် မြောင်မြို့နယ် ဆင်လှောင်ရွာနှင့် ငါးပယ်ရွာကြား၌ ဒေသကာကွယ် ရေးတပ်များကတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲမှာ (၄၅)မိနစ်ကြာ ဖြစ်ပွားခဲ့ပြီးနောက် ၎င်းစစ်ကောင်စီတပ်ကို ဇီးကျွန်းကျေးရွာသို့ သွားရာလမ်းတစ်နေရာတွင် စစ်ကိုင်းခရိုင် တပ်ရင်းအမှတ် (၄)-MSPDFထုတ် မိုင်း(၅)လုံးဖြင့် ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ထို့နောက် အောက်တိုဘာလ (၁၃)ရက်နေ့ နံနက်ပိုင်းတွင် ဇီးကျွန်းမှ ငါးပယ်သို့ထွက်လာသော ကျောက်ရစ်ရဲစခန်းမှ အင်အား (၇၀)ခန့်ပါ စစ်ကောင်စီတပ်အား ဒေသကာကွယ်ရေးတပ်များက လက်နက်ကြီး၊ လက်နက်ငယ်များအပြင် Shar Htoo WAW နည်းပညာ အဆင့်မြင့်တိုက်ခိုက်ရေး Fixed Wing Droneများဖြင့်လည်း Air Bomb (၄)လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းနေ့ညနေပိုင်းတွင် ရေစကြိုမှလာသော အာဏာသိမ်းစစ်တပ်အား Shar Htoo WAWနည်းပညာ အဆင့်မြင့်တိုက်ခိုက်ရေး Fixed Wing Drone များဖြင့် နနွင်းကိုင်းရွာ သုဿန်အနီးတွင် (၂)ကြိမ်၊ သနပ်ကုန်းကျေးရွာ တောင်ဘက်တွင် (၂)ကြိမ် Air Bomb (၄)လုံး ကြဲချတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

တိုက်ခိုက်မှုကို စစ်ကိုင်းခရိုင် အမှတ်(၄)တပ်ရင်း-MSPDF(MSDF)၊ မြင်းခြံခရိုင် အမှတ် (၃)တပ်ရင်း-မြေလတ် PDFတပ်ခွဲ(၁)၊ မြင်းခြံခရိုင် အမှတ် (၃)တပ်ရင်း-Seven PDFတပ်ခွဲ(၃)၊ မြောင်မြို့နယ် ကျေးရွာတပ်ပေါင်းစု၊ မြင်းခြံခရိုင် အမှတ် (၁)တပ်ရင်း -27 Revolution Force၊ မြင်းခြံခရိုင် အမှတ် (၈)တပ်ရင်း - NRDF၊ မြင်းခြံပကဖ၊ အညာမြေ LPDF၊ MGN35၊ မြင်းခြံ Black Tiger၊  မြောင်ဗိုလ်တောက်ထွန်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-MBTT၊  မြင်းခြံ Drone တပ်ဖွဲ့နှင့် CDSOM တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency