ဖောင်းဆိုင်ရှိ စစ်ကောင်စီတပ်စခန်း ၄ ခုကို မဟာမိတ်တပ်များ ယနေ့ထပ်သိမ်း

ဖောင်းဆိုင်ရှိ စစ်ကောင်စီတပ်စခန်း ၄ ခုကို မဟာမိတ်တပ်များ ယနေ့ထပ်သိမ်း
အောက်တိုဘာ 30, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် မုံးကိုးဒေသ ဖောင်းဆိုင်ရှိ စစ်ကောင်စီတပ်စခန်း(၄)ခုကို ယနေ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၃၀)ရက်နေ့တွင် သိမ်းဆည်းရရှိထားကြောင်း မဟာမိတ်တပ်များထံမှ သိရသည်။

၁၀၂၇ စစ်ဆင်ရေး၏ စတုတ္ထမြောက်နေ့အဖြစ် ယနေ့ အောက်တိုဘာလ (၃၀)ရက်နေ့တွင် လားရှိုးမြို့ နယ်ရှိ စစ်ကောင်စီ၏ "မိုင်းကျက်တပ်"စခန်းအား မဟာမိတ်တပ်များက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ဖောင်းဆိုင်ဒေသတွင် စစ်ကောင်စီတပ်စခန်း (၄)ခုအား သိမ်းပိုက်ရရှိထားပြီးဖြစ်သည်ဟု ဆိုသည်။

ထို့အပြင် ကွမ်လုံမြို့ ပတ်ဝန်းကျင်တွင်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး စစ်ဆင်ရေးကို ဆက်လက်အရှိန်မြှင့်တင်နေကာ အခြားသောနေရာများတွင်လည်း ထိုးစစ်နှင့် စစ်ဆင်ရေးများကို ဟန်ချက်ညီ လုပ်ဆောင်နေသည်ဟု သိရသည်။ 

စစ်ကောင်စီတပ်သည် လေကြောင်းမှ တိုက်ခိုက်မှုများကိုသာ ပြုလုပ်နိုင်ခဲ့ပြီး ရဟတ်ယာဥ်၊ တိုက်လေယာဉ်များဖြင့် မုံးကိုးမြို့၊ မန်ယန်နှင့် ပန်ဆိုင်းတလျှောက်ကို ဗုံးများကြဲချ တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

#TachileikNewsAgency