ကောလင်းတွင် ၃ ရက်ဆက် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းတချို့ PDF သိမ်းဆည်းရရှိ

ကောလင်းတွင် ၃ ရက်ဆက် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းတချို့ PDF သိမ်းဆည်းရရှိ

စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် ကျောက်တန်းလမ်းဆုံ သစ်ဖုလှ ဘုရားကုန်းမှ ခံသာရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်များက (၃)ရက်ဆက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ထံမှ လက်နက်၊ ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့ကြောင်း ကောလင်း PDF ထံမှ သိရသည်။

စစ်ကြောင်းထိုးလာသည့် အင်အား(၁၂၀)ဝန်းကျင်ပါ စစ်ကောင်စီတပ်ကို ကောလင်းခရိုင် အမှတ်(၁)တပ်ရင်း၊ အမှတ်(၄)တပ်ရင်း၊ ကောလင်းခရိုင် ပကဖ၊ တော်လှန်ရေးပူပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု (၂)ကြိမ် ဗုံးသီး(၆)လုံး ကြဲချကာ စက်လက်များဖြင့် ပစ်ခတ်ခဲ့သဖြင့်နေအိမ်အများအပြားနှင့် အထက ကျောင်းဆောင်ကြီး (၂)ဆောင် ပျက်စီးသွားခဲ့သည်ဟု သိရသည်။

တိုက်ပွဲဖြစ်ပွားရာနေရာသို့ ‌နယ်မြေရှင်းလင်းရာ စစ်ကောင်စီတပ်သား အလောင်း(၃)လောင်းနှင့် MA3 တစ်လက်၊ ကင်းထောက်ဒရုန်း တစ်စီးနှင့် ငါးကြင်းမြှီးပြောင်းတစ်ခုနှင့် ခဲယမ်းတချို့ကို သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

(၃)ရက်ဆက် တိုက်ပွဲဖြစ်ပွားပြီး မတ်လ(၄)ရက်နေ့ညပိုင်းတွင် စစ်ကောင်စီတပ်သည် ခံသာရွာမှ ကျောက်တန်းရွာသို့ပြန်လည်ဆုတ်ခွာသွားသည်ဟု သိရသည်။

စစ်ကောင်စီတပ်နှင့် နီးကပ်သောအနေအထားတွင်ရှိပြီး အချိန်မရွေးတိုက်ပွဲပြန်လည်ဖြစ်ပွားနိုင်သည်ဟုလည်း သိရသည်။

#TachileikNewsAgency

Photo: Kawlin People Defense Force - KLPDF