ပုလဲမြို့နယ်အတွင်း အာဏာသိမ်းစစ်အုပ်စု၏ အကြမ်းဖက်မှုကြောင့် စစ်ဘေးရှောင်နေရသည့် ကျေးရွာ(၁၀)ရွာမှ ပြည်သူများအတွက် စားနပ်ရိက္ခာနှင့် အဝတ်အထည်များ လိုအပ်နေ

ပုလဲမြို့နယ်အတွင်း အာဏာသိမ်းစစ်အုပ်စု၏ အကြမ်းဖက်မှုကြောင့် စစ်ဘေးရှောင်နေရသည့် ကျေးရွာ(၁၀)ရွာမှ ပြည်သူများအတွက် စားနပ်ရိက္ခာနှင့် အဝတ်အထည်များ လိုအပ်နေ
ဇန်နဝါရီ 19, 2023 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်း အာဏာသိမ်းစစ်အုပ်စု၏ မီးရှို့ဖျက်ဆီးမှုကြောင့် စစ်ဘေးရှောင်နေကြရသည့် ဒေသခံပြည်သူများထံ သွားရောက်ပြီး ကူညီထောက်ပံ့ပေးခဲ့ကြောင်း ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့  ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ (၁၉)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

ပုလဲမြို့နယ်အတွင်း ကျေးရွာများနက် ကျေးရွာ(၇)ရွာတွင် ၂၀၂၃ခုနှစ် ဇန်နဝါရီလ(၁၀)ရက်နေ့ကနေ (၁၉)ရက်နေ့အထိ အိမ်ထောင်စု(၁၅၄)စု၏ နေအိမ်များကို အာဏာသိမ်း စစ်အုပ်စုက မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မီးရှို့ဖျက်ဆီးခံရသည့် ကျေးရွာများမှာ သရက်ကန်ကျေးရွာ၊ ညောင်ရင်းကုန်းကျေးရွာ၊ သပြေအေးကျေးရွာ၊ တောင်ရွာသစ်ကျေးရွာ၊ သရက်လှကျေးရွာ၊ ကိုးပင်ကျေးရွာနှင့် ကြောင်ဝံဓူးကျေးရွာတို့ ဖြစ်ကြောင်း သိရသည်။

ကျေးရွာ(၇)ရွာ မီးရှို့ဖျက်ဆီးခံရမှုကြောင့် အနီးအနားရှိ  ကန့်ဒေါင့်ကျေး ရွာ၊ သာစည်ကျေးရွာနှင့် မဲဇရပ်ကျေးရွာတို့မှာ အာဏာသိမ်းစစ်အုပ်စု၏ ရမ်းကားမှု အန္တရာယ်ကို ကြောက်လန့်၍ တိမ်းရှောင်နေရကြောင်းလည်း သိရသည်။

ပုလဲမြို့နယ်တွင် စစ်ဘေးရှောင်နေကြရသည့် ကျေးရွာ(၁၀)ရွာမှာ ဒေသခံပြည်သူများအတွက် အရေးပေါ် စားနပ်ရိက္ခာ၊ အဝတ်အ ထည်နှင့် ခြုံစောင်များ အရေးပေါ် လိုအပ်နေသည့်အတွက် စေတနာရှင်များ ပါဝင်လှူဒါန်ပေးနိုင်ရန်  ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးမေတ္တာရပ်ခံထားသည် တွေ့ရသည်။ 

 

Photo: ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့