ထိုင်းနိုင်ငံတွင် ရေနံတင်သင်္ဘော ပေါက်ကွဲမီးလောင်မှုအတွင်း မြန်မာ (၃) ဦး ဒဏ်ရာရပြီး (၆) ဦး ပျောက်ဆုံးနေ

photo: Siridech Siricamhom
photo: Siridech Siricamhom
ထိုင်းနိုင်ငံတွင် ရေနံတင်သင်္ဘော ပေါက်ကွဲမီးလောင်မှုအတွင်း မြန်မာ (၃) ဦး ဒဏ်ရာရပြီး (၆) ဦး ပျောက်ဆုံးနေ
By Mr John

ထိုင်းနိုင်ငံ ၊ စမွတ်စခွန်ရှိ သင်္ဘောကျင်းတစ်ခုတွင် ပြုပြင်ထိန်းသိမ်းမှုလုပ်ရန် လွန်းတင်ထားသည့် ရေနံတင်သင်္ဘောတစ်စီး ၂၀၂၃ ခုနှစ်ဇန်နဝါရီလ (၁၇) ရက် နံနက်ပိုင်းက  ပေါက်ကွဲမှုဖြစ်ပြီး မီးလောင်ရာ  သင်္ဘောကျင်းလုပ်သားတစ်ဦး သေဆုံးပြီး (၄) ဦး ဒဏ်ရာရရှိကြောင်း သိရသည်။

ရေနံတင်သင်္ဘော ပေါက်ကွဲမီးလောင်မှုအတွင်း ထိုင်းနိုင်ငံသား တစ်ဦးနှင့် မြန်မာနိုင်ငံသား (၃) ဦး ဒဏ်ရာရခဲ့ကြောင်းသိရပြီး

 ထိုင်းနိုင်ငံသား တစ်ဦးနှင့် မြန်မာနိုင်ငံသား (၆) ဦးတို့ ပျောက်ဆုံးနေကြောင်း သိရသည်။

Smoth Sea 22 ရေနံတင်သင်္ဘောပေါ်တွင် ဇန်နဝါရီလ (၁၇) ရက် ဒေသစံတော်ချိန် နံနက် (၉) နာရီကျော်အချိန်က 

ဂဟေဆော်နေစဥ် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သင်္ဘောပေါ်တွင် သင်္ဘောကျင်းလုပ်သား (၁၀) ဦးရှိနေခဲ့ကာ

အခြား (၃၀) ဦးမှာ သင်္ဘောကျင်း၏ ဆိပ်ကမ်းနေရာတွင်ရှိနေခဲ့ကြောင်း သိရသည်။ 

ပေါက်ကွဲမီးလောင်မှုကြောင့် လုပ်သားတစ်ဦး သေဆုံးခဲ့ကြောင်း အတည်ပြုထားပြီး ၎င်း၏ ညာဘက်ခြေထောက်တစ်ဖက်ကို ရေနံတင်သင်္ဘောမှ မီတာ (၅၀၀) ခန့်အကွာတွင် တွေ့ခဲ့ရသည်။

အဆိုပါ ရေနံတင်သင်္ဘောကို ပြုပြင်ထိန်းသိမ်းရန် သင်္ဘောကျင်းတွင် လွန်းတင်ခဲ့စဥ်က သင်္ဘောပေါ်တွင် လောင်စာဆီ (၂၅,၀၀၀) လီတာနှင့် ဒီဇယ်ဆီ လီတာ (၂၀,၀၀၀) ရှိနေဆဲဖြစ်ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူးက ပြောသည်။

ယခင်သတင်းများတွင်မူ သင်္ဘောမှာ ဆီများမရှိဘဲ အလွတ်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။ 

သင်္ဘောပေါ်တွင် ပေါက်ကွဲမှုနှင့် မီးလောင်မှုဖြစ်ပွားပြီးနောက် တစ်နာရီခန့်အကြာ၌ မီးကိုထိန်းချုပ်နိုင်ခဲ့ကြောင်းနှင့် သင်္ဘောကျင်းလုပ်သား (၈) ဦး ပျောက်ဆုံးနေသည်ဟု ရေကြောင်းဌာနက ကနဦး ထုတ်ပြန်ခဲ့သည်။ 

ပေါက်ကွဲမှုနှင့် မီးလောင်မှု ဖြစ်ပွားရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေကြောင်း အဆိုပါဌာနက ဆိုသည်။



Source: Bangkok Post