ခြံစည်းရိုးခတ်ရန် မြေကျင်းတူးရာမှ ခွင်းဗုံးတစ်လုံးတွေ့ရှိ

ခြံစည်းရိုးခတ်ရန် မြေကျင်းတူးရာမှ ခွင်းဗုံးတစ်လုံးတွေ့ရှိ
နိုဝင်ဘာ 15, 2020
By Tachileik News Agency
  ခြံစည်းရိုးခတ်ရန် မြေကျင်းတူးရာမှ ခွင်းဗုံးတစ်လုံးတွေ့ရှိ 
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ ရွာသစ်ပွဲကြိုရပ်ကွက်၌ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၁၅)ရက် နေ့လယ်ပိုင်းက ခြံစည်းရိုးခတ်ရန် မြေကျင်းတူးစဉ် ခွင်းဗုံးတစ်လုံးတွေ့ရှိရသဖြင့် အမှတ်(၉၁၀)စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်းမှ လာရောက်သိမ်းဆည်းသွားကြောင်း သိရသည်။ 
“သံချေးတက်နေတဲ့ (၃၆) ခွင်းဗုံးအဟောင်းတစ်လုံးပါ။ စစ်ကျန်လို့ ယူဆရတယ်။ အင်ဂျင်နီယာတပ်ရင်းကို အပ်နှံလိုက်ပါပြီ”ဟု မကွေးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်လွင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
မကွေးမြို့ ရွာသစ်ပွဲကြိုရပ်ကွက် (၁၇) လမ်းရှိ ဦးလင်းလင်းလှိုင်၏ နေအိမ်ခြံစည်ရိုးခတ်ရန်အတွက် မြေကျင်းတူးစဉ် မြေအောက်သစ်မြစ်ဆုံအတွင်းမှ အမြင့် (၅) လက္မခန့်ရှိ သံချေးများတက်နေပြီဖြစ်သည့် ဗုံးတစ်လုံးကို တွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။ 
အဆိုပါ ဗုံးတွေ့ရှိရာသို့ မကွေးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်လွင်နှင့် ရဲတပ်ဖွဲ့ဝင်များ သွားရောက်စစ် ဆေးခဲ့ပြီး အမှတ် (၉၁၀)စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းမှ ဗိုလ်ကြီး ဇင်မောင်ကျော်နှင့် အဖွဲ့က ဗုံးကို လက်ခံသိမ်းဆည်းသွားကြောင်း သိရသည်။
Tachileik News Agency
သတင်း-ဖီးနစ်
ဓာတ်ပုံ-ရဲတပ်ဖွဲ့

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~