ယူကရိန်းသမ္မတ အမေရိကန်ပြည်ထောင်စုသို့ သွားရောက်ဖွယ်ရှိ

ယူကရိန်းသမ္မတ အမေရိကန်ပြည်ထောင်စုသို့ သွားရောက်ဖွယ်ရှိ
By Tachileik News Agency

ယူကရိန်းသမ္မတ ဗလာဒီမာဇာလန်းစကီး အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီသို့ သွားရောက်ဖွယ်ရှိနေပြီး သမ္မတ ဂျိုးဘိုင်ဒန်နှင့် တွေ့ဆုံမည့်အပြင် လွှတ်တော်ကိုလည်း သွားရောက်ဖွယ်ရှိသည်ဟု ရိုက်တာသတင်းက ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ (၂၀)ရက်နေ့တွင် ဖေါ်ပြထားသည်။

ယူကရိန်းသမ္မတ၏ ယခုခရီးစဉ်မှာ ဖေဖေါ်ဝါရီလ (၂၄)ရက်နေ့တွင် ရုရှားက ယူကရိန်းကို ကျူးကျော်စစ်ဆင်နွှဲနေသည့်အချိန်အတွင်း ယူကရိန်းသမ္မတ၏ ပထမဆုံး ပြည်ပခရီးစဉ်ဖြစ်လာမည်ဖြစ်သည်။

သမ္မတနှစ်ဦးသည် အိမ်ဖြူတော်တွင် တွေ့ဆုံမည်ဟု ခန့်မှန်းထားကြပြီး ရုရှား၏ ဗုံးကြဲတိုက်ခိုက်မှုများကို ကာကွယ်ရေးအတွက် လက်နက်များ ကူညီပံ့ပိုးရေးဆွေးနွေးဖွယ်ရှိသည်ဟု CNN သတင်းက ခန့်မှန်းထားသည်။