လွိုင်ကော် ကယန်းသာယာလမ်းခွကုန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို စနိုက်ပါပူးပေါင်းတပ်ဖွဲ့ဖြင့် တိုက်ခိုက်

လွိုင်ကော် ကယန်းသာယာလမ်းခွကုန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို စနိုက်ပါပူးပေါင်းတပ်ဖွဲ့ဖြင့် တိုက်ခိုက်
By Tachileik News Agency

ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့နယ်တွင် တပ်စွဲထားသည့် အာဏာသိမ်းစစ်ကောင်စီတပ်ကို  ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၂၇) ရက်နေ့ နံနက်ပိုင်းတွင် စနိုက်ပါပူးပေါင်းတပ်ဖွဲ့ဖြင့် တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား (၇)ဦး သေဆုံးသည်ဟု  သိရသည်။

လွိုင်ကော်မြို့၊ ကယန်းသာယာလမ်းခွကုန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်အား အလယ်ပိုင်းတိုင်းအထူးစစ်ဆင်းရေး စနိုက်ပါအဖွဲ့နှင့် KNDF B O2 စနိုက်ပါအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

ပူးပေါင်းစနိုက်ပါအဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် အထိနာသွားသော စစ်ကောင်စီတပ်က စက်လက်များ၊ စနိုက်ပါများ၊ ၆၀ မမ များဖြင့်ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ပူးပေါင်းအဖွဲ့မှာထိခိုက်မှုမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု သိရသည်။

တိုက်ပွဲမှာ နံနက်(၁၀)နာရီမှ နေ့လည်(၁၂)နာရီခွဲအထိဖြစ်ပွားခဲ့ကြောင်း သိရသည်။