ရေစကြိုတွင် တပ်ပြင်ထွက်လာသည့် စစ်ကောင်စီတပ်သားများအား ဖရဲသီးသတင်းပေးချက်အရ ပစ်ခတ်ဖမ်းဆီးရာ တစ်ဦးသေဆုံး

ရေစကြိုတွင် တပ်ပြင်ထွက်လာသည့် စစ်ကောင်စီတပ်သားများအား ဖရဲသီးသတင်းပေးချက်အရ ပစ်ခတ်ဖမ်းဆီးရာ တစ်ဦးသေဆုံး

မကွေးတိုင်း ရေစကြိုမြို့နယ်တွင် တပ်အပြင်သို့ထွက်လာသည့် စစ်ကောင်စီတပ်သား (၃)ဦးအား တပ်တွင်းဖရဲသီး သတင်းပေးချက်အရ ယနေ့ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၆)ရက်နေ့ နံနက်ပိုင်းတွင် ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီးရာ တစ်ဦးသေပြီး လက်နက်တစ်လက်ရရှိခဲ့သည်ဟု သိရသည်။

ယနေ့နံနက် (၉)နာရီဝန်းကျင်တွင် ရေစကြိုမြို့နယ် ခလရ(၂၅၈) စစ်ကောင်စီတပ်သား(၃)ဦးသည် တပ်ပြင်သို့ထွက်သွားကြောင်း တပ်တွင်းဖရဲသီးမှ သတင်းပေးသဖြင့် ပကဖ ရဲဘော်များက သွားရောက်ဖမ်းဆီးခဲ့ရာ ပြန်လည်ခုခံသဖြင့် စစ်ကောင်စီတပ်သားတစ်ဦးသေဆုံးပြီး သေနတ်တစ်လက်နှင့် ကျည်ဘောက်(၃)ခု၊ ကျည်(၆၇)တောင့်နှင့်အတူ အသုံးအဆောင်များ သိမ်းဆည်းရရှိခဲ့သည်ဟု ရေစကြို ပကဖက သတင်းထုတ်ပြန်ထားသည်။

#TachileikNewsAgency