တာချီလိတ်မြို့တွင် အသက်(၉၀)ကျော် အမျိုးသမီးကြီး တစ်ဦးထံက Covid-19 တွေ့ရှိ၍ တစ်နေ့တည်း (၃)ဦး တွေ့

Photo: ရွှေမယ်ယန်းပရဟိတ 
Photo: ရွှေမယ်ယန်းပရဟိတ 
တာချီလိတ်မြို့တွင် အသက်(၉၀)ကျော် အမျိုးသမီးကြီး တစ်ဦးထံက Covid-19 တွေ့ရှိ၍ တစ်နေ့တည်း (၃)ဦး တွေ့
စက်တင်ဘာ 21, 2022 | Covid-19| ရှမ်းရှေ့

 ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၊ တာချီလိတ်မြို့တွင် ယနေ့ စက်တင်ဘာလ(၂၁)ရက်နေ့ နံနက်ပိုင်းက အမျိုးသား(၂)ဦးတွင် Covid-19 တွေ့ရှိရပြီးနောက် ညနေပိုင်းတွင် အသက်(၉၀)ကျော်အရွယ် အမျိုးသမီးကြီးတစ်ဦးထံက Covid-19 ထပ်မံ တွေ့ရှိရကြောင်း သိရသည်။

ညနေပိုင်းတွင် တွေ့ရသည့် လူနာမှာ အသက်(၉၀)ကျော် အမျိုးသမီးတစ်ဦးဖြစ်ပြီး ၎င်းသည် တာချီလိတ်မြို့ ဖန်မင်ကျေးရွာအုပ်စုအတွင်း မယ်ယန်းကျေးရွာတွင် နေထိုင်သူဖြစ်ရာ  မိသားစုဝင်များကို နေအိမ်တွင် အသွားအလာ ကန့်သတ်ထားရှိကြောင်း သိရသည်။

ပိုးတွေ့သည့် နေအိမ်သို့ ရွှေမယ်ယန်းပရဟိတ အဖွဲ့  နှင့် သက်ဆိုင်ရာများက သွားရောက်ပြီး အသွားအလာကန့်သတ်မှုများ ဆောင်ရွက်နေကြောင်း သိရသည်။

ပုံအညွှန်း - ပိုးတွေ့နေအိမ်အား Lockdown သတ်မှတ်ကာ အသွားအလာကန့်သတ်နေစဉ်

တာချီလိတ်မြို့တွင် ယနေ့ နံနက်ပိုင်းက လေယာဉ်စီးခရီးသွားရန်အတွက် Covid-19 စစ်ဆေးရာ အမျိုးသား(၂)ဦးတွင် Covid-19 ပိုးတွေ့ရှိရခြင်းဖြစ်ပြီး ၎င်းတို့သည် တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်အတွင်း အာခါဈေးလမ်းအနီးရှိ အိမ်ခန်းငှားတွင် နေထိုင်ကြသူများဖြစ်သည်။

တာချီလိတ်မြို့တွင် ယနေ့ စက်တင်ဘာလ(၂၁)ရက်နေ့ တနေ့တည်းတွင် Covid-19 ကူးစက်ခံထားရသူ (၃)ဦး တွေ့ရှိရကြောင်း သိရသည်။

 

Photo: ရွှေမယ်ယန်းပရဟိတ