တာချီလိတ် စက်မှုဇုန်ဖော်ဆောင်ရေးအတွက် သိမ်းဆည်းထားပြီး အသုံးမပြုဖြစ်သည့် လယ်ယာမြေများပြန်လည် စွန့်လွတ်နိုင်ရေးအတွက် မြေပုံကြမ်းထွက်ရှိပြီဖြစ်၍ အသေးစိတ်ပြန်လည်တိုင်းတာမည်
တာချီလိတ် စက်မှုဇုန်ဖော်ဆောင်ရေးအတွက် သိမ်းဆည်းထားပြီး အသုံးမပြုဖြစ်သည့် လယ်ယာမြေများပြန်လည် စွန့်လွတ်နိုင်ရေးအတွက် မြေပုံကြမ်းထွက်ရှိပြီဖြစ်၍ အသေးစိတ်ပြန်လည်တိုင်းတာမည်
ဇှနျ 7, 2019
By Tachileik News Agency
တာချီလိတ်စက်မှုဇုန် ဖော်ဆောင်ရေးအတွက် ဆေခမ်းရပ်ကွက်အတွင်းရှိ လယ်ယာမြေဧက (၆၀၀) ကျော်သိမ်းဆည်းခဲ့ခြင်းဖြစ်ပြီး အကောင်အထည်မဖော်နိုင်သည့် (၃၁၇) ဧကကို မူလတောင်သူများထံပြန်လည်ပေးအပ်နိုင်ရေးအတွက် ကွင်းဆင်းတိုင်းတာရေးအဖွဲ့ဖွဲ့စည်းပြီး မြေပြင်တိုင်းတာခြင်းနှင့် ဦးပိုင်စာရင်းများကောက်ယူခြင်းများ ဆောင်ရွက်နေကြောင်း သိရသည်။
တာချီလိတ်စက်မှုဇုန်ဖော်ဆောင်ရေးအတွက် ယခင်က ဟောင်လိတ်ဟု ခေါ်သည့် ဆေခမ်းရပ်ကွက်အတွင်းရှိ လယ်ယာမြေဧက (၆၀၀)ကျော် သိမ်းဆည်းခဲ့ခြင်းဖြစ်ပြီး အကောင်အထည်မဖော်နိုင်ဘဲကျန်နေသည့် (၃၁၇) ဧကကို မူလတောင်သူများထံပြန်လည်ပေးအပ်နိုင်ရေးအတွက် ကွင်းဆင်းတိုင်းတာရေးအဖွဲ့ဖြင့် မြေပြင်တိုင်းတာခြင်းနှင့် ဦးပိုင်စာရင်းများကောက်ယူခြင်းကို လုပ်ဆောင်နေခြင်းဖြစ်သည်။
Tachileik News Agency
သတင်း - ဟန်စိုးထိုက်
~~~~~~~~⊰❂ Unicode Version ~~~~~~~~
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ လေယာဉ်ကွင်းအနီး စက်မှုဇုန်ဖော်ဆောင်ရေးအတွက် သိမ်းဆည်းထားသည့် မြေယာများထဲမှ လုပ်ငန်းအကောင်အထည်မဖော်နိုင်သည့် လယ်ယာမြေများကို မှုလပိုင်ရှင်များထံပြန်လည်အပ်နှံနိုင်ရေးအတွက် ကွင်းဆင်းတိုင်းတာမှုများဆောင်ရွက်ရာတွင် ပြန်လည်စွန့်လွှတ်မည့် မြေ (၃၁၇) ဧကအတွက်မြေပုံကြမ်း တိုင်းတာပြီးစီးပြီဖြစ်ကြောင်း သိရသည်။
"မြပြေင်မှာ အသေးစိတ်တိုင်းဖို့ စီစဉ်နေတယ်။ တိုင်းတာမှုကမြေပုံကြမ်းထွက်သွားပြီ။ ပွိုင့်တွေတိုင်းပြီးပြီ။ ကာယကံရှင်တွေခေါ်ပြီး အသေးစိတ်ပြန်တိုင်းရမှာပေါ့"ဟု စက်မှုဇုန် (၃၁၇.ဝ၈) ဧကအားပြန်လည်တိုင်းတာရေးအဖွဲ့ခေါင်းဆောင်၊ တာချီလိတ်မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးညီညီက တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။
တာချီလိတ်စက်မှုဇုန် ဖော်ဆောင်ရေးအတွက် ဆေခမ်းရပ်ကွက်အတွင်းရှိ လယ်ယာမြေဧက (၆၀၀) ကျော်သိမ်းဆည်းခဲ့ခြင်းဖြစ်ပြီး အကောင်အထည်မဖော်နိုင်သည့် (၃၁၇) ဧကကို မူလတောင်သူများထံပြန်လည်ပေးအပ်နိုင်ရေးအတွက် ကွင်းဆင်းတိုင်းတာရေးအဖွဲ့ဖွဲ့စည်းပြီး မြပြေင်တိုင်းတာခြင်းနှင့် ဦးပိုင်စာရင်းများကောက်ယူခြင်းများ ဆောင်ရွက်နေကြောင်း သိရသည်။
စက်မှုဇုန်စီမံကိန်း အကောင်အထည်မဖော်နိုင်သည့် လယ်ယာမြေများကို မူလတောင်သူများထံ ပြန်လည်ပေးအပ်နိုင်ရေးအတွက် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် တောင်သူလယ်သမားကိုယ်စားလှယ်များပါဝင်သည့် အဖွဲ့ဝင် (၈) ဦးဖြင့် စက်မှုဇုန် (၃၁၇.ဝ၈) ဧကအားပြန်လည်တိုင်းတာရေးအဖွဲ့ကို ၂၀၁၉ ခုနှစ် ဧပြီလ (၂၃) ရက်နေ့က ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
တာချီလိတ်စက်မှုဇုန်ဖော်ဆောင်ရေးအတွက် ယခင်က ဟောင်လိတ်ဟု ခေါ်သည့် ဆေခမ်းရပ်ကွက်အတွင်းရှိ လယ်ယာမြေဧက (၆၀၀)ကျော် သိမ်းဆည်းခဲ့ခြင်းဖြစ်ပြီး အကောင်အထည်မဖော်နိုင်ဘဲကျန်နေသည့် (၃၁၇) ဧကကို မူလတောင်သူများထံပြန်လည်ပေးအပ်နိုင်ရေးအတွက် ကွင်းဆင်းတိုင်းတာရေးအဖွဲ့ဖြင့် မြပြေင်တိုင်းတာခြင်းနှင့် ဦးပိုင်စာရင်းများကောက်ယူခြင်းကို လုပ်ဆောင်နခြေင်းဖြစ်သည်။
Tachileik News Agency
သတင်း - ဟန်စိုးထိုက်
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net