တာချီလိတ်မြို့အဝင် မယ်ယန်း Covid-19 စစ်ဆေးရေးစခန်းတွင် ရန်ကုန်က လာသည့် ယာဉ်မောင်းတစ်ဦးထံက Covid-19 ပိုးတွေ့

တာချီလိတ်မြို့အဝင် မယ်ယန်း Covid-19 စစ်ဆေးရေးစခန်းတွင် ရန်ကုန်က လာသည့် ယာဉ်မောင်းတစ်ဦးထံက Covid-19 ပိုးတွေ့
နိုဝင်ဘာ 29, 2020
By Tachileik News Agency
တာချီလိတ်မြို့အဝင် မယ်ယန်း Covid-19 စစ်ဆေးရေးစခန်းတွင် ရန်ကုန်က လာသည့် ယာဉ်မောင်းတစ်ဦးထံက Covid-19 ပိုးတွေ့
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ မယ်ယန်း Covid-19 စစ်ဆေးရေးစခန်းတွင် ၂၀၂၀ ခုနှစ် နိုဝင်ဘာလ (၂၉) ရက်နေ့ နံနက်ပိုင်းက ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များအား Test Kid ဖြင့်စစ်ဆေးရာ ရန်ကုန်-တာချီလိတ်ပြေးဆွဲနေသည့် မိုးကောင်းကင်ယာဉ်လိုင်းမှ ယာဉ်မောင်းတစ်ဦးတွင် COVID-19 ပိုးတွေ့ရသည်။
“ယာဉ်မောင်းမှာတွေ့တာ။ အခုလူနာတင်ယာဉ်နဲ့ခေါ်ဖို့လုပ်နေတယ်။ ယာဉ်နောက်လိုက်က (၂) ယောက်ပါတယ်။ သူတို့စာရွက်စာတမ်းတွေစစ်နေတုန်း။ ကားကိုတာချီလိတ်မြို့ထဲပေးမဝင်ဖို့လုပ်နေတုန်း”ဟု မဇ္ဈိမလူမှုကူညီရေးအသင်းဥက္ကဌ ဦးတင့်ဆွေက နေ့လယ် (၁၂) နာရီတွင် တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
တာချီလိတ်တွင် နိုဝင်ဘာလ (၂၉) ရက်နေ့ နေ့လယ်ပိုင်းအထိ အတည်ပြုလူနာ (၉) ဦးထပ်တိုးလာ၍ ဆေးရုံတွင် ကုသပေးရမည့် အတည်ပြုလူနာ စုစုပေါင်း (၂၁) ဦးရှိသွားပြီဖြစ်သည်။
မယ်ယန်းကျန်းမာရေးစစ်ဆေးရေးစခန်းတွင် တာချီလိတ်မြို့သို့ဝင်ရောက်မည့် ကုန်တင်ယာဉ်များ၏ ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များကို ကျန်းမာရေးဌာနမှ Test Kid ဖြင့် နံနက်ပိုင်းတွင် (၁) ကြိမ်၊ နေ့လယ်ပိုင်းတွင် (၁) ကြိမ်စစ်ဆေးပေးနေခြင်းဖြစ်သည်။
Tachileik News Agency
သတင်း - ဟန်စိုးထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~