"ရှမ်းပြည်နယ်တောင်ပိုင်း ကိုယ်စားပြု အမျိုးသားညီညွတ်ရေးအစိုးရ(SSNUG)"ဖွဲ့စည်းပြီးကြောင်း ကြေညာ

"ရှမ်းပြည်နယ်တောင်ပိုင်း ကိုယ်စားပြု အမျိုးသားညီညွတ်ရေးအစိုးရ(SSNUG)"ဖွဲ့စည်းပြီးကြောင်း ကြေညာ
မေ 10, 2021 | ရှမ်းရှေ့

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အား ထောက်ခံကြိုဆိုပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်ရာမှာ အတူတကွ စွမ်းစွမ်းတမံ ကူညီဆောင်ရွက်ပေးနိုင်ရန်အတွက် ရှမ်းပြည်နယ်တောင်ပိုင်းဒေသအတွင်း ပြည်သူလူထုသို့ ပူပေါင်းပြီး  "ရှမ်းပြည်နယ်တောင်ပိုင်း ကိုယ်စားပြု အမျိုးသားညီညွတ်ရေးအစိုးရ(SSNUG)အား ၂၀၂၁ခုနှစ် မေလ(၁၀)ရက်နေ့တွင် ဖွဲ့စည်းလိုက်ကြောင်း သတင်းထုတ်ပြန်သည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)မှ ၂၀၂၀ခုနှစ် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲတွင် ဒီမိုကရေစီနည်းကျ အပ်နှင်းလိုက်သည့် အာဏာကို ကျင့်သုံးလျှက် ၂၀၂၁ခုနှစ် ဧပြီလ(၁၆)ရက်နေ့က ဖွဲ့စည်းလိုက်သည့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အဖွဲ့အား ကြိုဆိုထောက်ခံပြီး NUG ၏ လုပ်ငန်းစဉ်များနှင့် လုပ်ဆောင်ချက်များကို ယုံကြည်သည့်အတွက်ကြောင့် ရှမ်းပြည်နယ်တောင်ပိုင်းဒေသအတွင်းနေ စစ်အာဏာရှင်ကို မလိုလားသည့် ပြည်သူလူထုများ စုပေါင်းပြီး SSNUG ကို ဖွဲ့စည်းလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ကိုယ်စားပြု အမျိုးသားညီညွတ်ရေးအစိုရ(SSNUG) ၏ တရားဝင် Facebook အား စာမျက်နှာမှာ https://web.facebook.com/SouthenShanStateNUG ဖြစ်သည်။