ကျိုင်းတုံလူငယ်များက ကျိုင်းတုံလူငယ်များက Reject Military Coup စာသား ပုံဖော်ကာ စစ်အာဏာရှင်ဆန့်ကျင် စာသား ပုံဖော်ကာ စစ်အာဏာရှင်ဆန့်ကျင်

ကျိုင်းတုံလူငယ်များက ကျိုင်းတုံလူငယ်များက Reject Military Coup စာသား ပုံဖော်ကာ စစ်အာဏာရှင်ဆန့်ကျင် စာသား ပုံဖော်ကာ စစ်အာဏာရှင်ဆန့်ကျင်
ဖေဖော်ဝါရီ 25, 2021 | နိုင်ငံရေး| ရှမ်းရှေ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နေလူငယ်များက စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးစာသားဖြစ်သည့်  Reject Military Coup  စာသားကို ယနေ့ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ(၂၅)ရက်နေ့ နေ့လည်ပိုင်းက ပုံဖော်လိုက်ကြောင်း သိရသည်။

ကျိုင်းတုံမြို့က လူငယ်များမှာ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုအဖြစ် ယခုလို ပုံဖော်မှုများကို  လုပ်ဆောင်ထားခြင်း ဖြစ်ကြောင်း သိရသည်။

လူငယ်တွေအနေနဲ့ကတော့ လူကြီးတွေရဲ့ ပံ့ပိုးမှုအများကြီးလိုအပ်တယ်၊ အာဏာသိမ်းခံရတဲ့ကိစ္စက  လူတိုင်းနဲ့သက်ဆိုင်တဲ့ ကိစ္စပါ။  ကျိုင်းတုံက မြို့မိမြို့ဖတွေ ဒေသခံလူကြီးတွေက မျက်စိမှိတ် နားပိတ်မနေဖို့မသင့်ဘူး။၊ ကျွန်တော်တို့ လူငယ်တွေအတွက် လူကြီးတွေရဲ့ ပံ့ပိုးမှုလည်းလိုအပ်ပါတယ်။ နောက်ပြီး CDM မှာ မပါသေးတဲ့ ဝန်ထမ်းတွေအနေနဲ့လည်း ပြည်သူ့အကျိုးရှေ့ရှုပြီး CDM မှာပါဝင်ပေးဖို့ တောင်းဆိုချင်ပါတယ်

ဟု စာသားပုံဖော်ရာတွင် ပါဝင်သည့် လူငယ်တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကျိုင်းတုံမြို့မှ လူငယ်များမှာ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုအဖြစ် စာသားများ ပုံဖော်မှုကို မြို့ထဲတွင် အဆင်မပြေ၍ ပထမဆုံးအနေဖြင့် တရုတ်သုဿန်တွင်လည်း လုပ်ဆောင်ခဲ့ရကြောင်း သိရှိရသည်။



Tachileik News Agency