ကျိုင်းတုံမြို့တွင် Covid-19 ကူးစက်ခံထားရသူ (၃)ဦး ထပ်တွေ့

ကျိုင်းတုံမြို့တွင် Covid-19 ကူးစက်ခံထားရသူ (၃)ဦး ထပ်တွေ့
စက်တင်ဘာ 7, 2022 | Covid-19| ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၊ ကျိုင်းတုံမြို့အတွင်း ယနေ့ ၂၀၂၂ခုနှစ် စက်တင်ဘာလ(၇)ရက်နေ့တွင် လူပေါင်း (၇၁)ဦးကို Covid-19 စစ်ဆေးရာ (၃)ဦးတွင် Covid-19 တွေ့ရကြောင်း သိရသည်။

ကျိုင်းတုံမြို့နယ်၊ မိုင်းဇင်းကျေးရွာအုပ်စုအတွင်း ဟွေခါးကျေးရွာမှ အမျိုးသမီး(၃)ဦးတွင် Covid-19 ကူးစက်ခံထားရသည်ကို စစ်ဆေးတွေ့ရှိရခြင်း ဖြစ်သည်။

ကျိုင်းတုံမြို့၏ တကြော့ပြန် Covid-19 စစ်ဆေးတွေ့ရှိမှု အခြေအနေမှာ ၂၀၂၂ခုနှစ် ဩဂုတ်လ(၁၆)ရက်နေ့ ကနေ စက်တင်ဘာလ(၇)ရက်နေ့ အထိ  Covid-19 ကူးစက်မှု တွေ့ရှိသူ စုစုပေါင်း (၃၇)ဦးအထိရှိရာ ထို (၃၃)ဦးထဲက အမျိုးသား တစ်ဦးမှာ ဩဂုတ်လ(၂၁)ရက်နေ့တွင် ကျိုင်းတုံဆေးရုံကြီး၌ ကွယ်လွန်သွားခဲ့သည်။

ကျိုင်းတုံမြို့တွင် ပြီးခဲ့သည့် ဩဂုတ်လ(၃၁)ရက်နေ့ကလည်း မိုင်းဇင်းကျေးရွာအုပ်စုရှိ သူနာပြုသင်တန်းကျောင်းမှ (၂၀)ဦးတွင် Covid-19 တွေ့ရှိခဲ့သည်။

ကျိုင်းတုံမြို့နယ်အတွင်း တကြော့ပြန် တွေ့ရှိရသည့် Covid-19 ကူးစက်ခံထားရသူ (၃၇)ဦးတွင် မိုင်းဇင်းကျေးရွာအုပ်စုအတွင်းမှ (၃၀)ဦးဝန်းကျင် ပါဝင်သည်။