မိုင်းတုံတွင်  COVID 19 အတည်ပြုလူနာ (၁၈)ဦး ထပ်တိုးပြီး ကုသဆဲအတည်ပြုလူနာ ၁၀၀ ကျော်ရှိနေ

မိုင်းတုံတွင်  COVID 19 အတည်ပြုလူနာ (၁၈)ဦး ထပ်တိုးပြီး ကုသဆဲအတည်ပြုလူနာ ၁၀၀ ကျော်ရှိနေ
အောက်တိုဘာ 7, 2021 | Covid-19| ရှမ်းရှေ့

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်အတွင်း ၂၀၂၁ ခုနှစ် အောက်တိုဘာလ (၇) ရက်နေ့တွင်  COVID 19 သံသယလူနာ (၈၀)ဦးကို စစ်ဆေးရာ အတည်ပြုလူနာ (၁၈) ဦးထပ်တိုးတွေ့၍ ဆေးရုံတွင် ကုသဆဲလူနာ (၁၁၂)ဦးအထိ တိုးလာကြောင်း သိရသည်။

မိုင်းတုံပြည်သူ့ဆေးရုံတွင် ကုသမှုခံယူနေသည့်လူနာများအနက် (၅) ဦးကို ယနေ့ ဆေးရုံဆင်းခွင့်ပြုပြီဖြစ်၍ ဆေးရုံတွင် အတည်ပြုလူနာ စုစုပေါင်း (၁၀၇) ဦးကျန်ရှိကြောင်း သိရသည်။

မိုင်းတုံမြို့နယ်အတွင်း ပုံပါကျင်ဆေးရုံတွင်လည်း COVID 19 အတည်ပြုလူနာများ ကုသပေးနေပြီး စုစုပေါင်း အတည်ပြုလူနာ (၁၇) ဦးရှိနေကြောင်း သိရသည်။

မိုင်းတုံမြို့နယ်အတွင်း မိုင်းတုံပေါ်အပါအဝင် ပုံပါကျင်၊ မိုင်းဟန်၊ မုံးထတို့တွင် COVID 19 အတည်ပြုလူနာများ တွေ့နေရပြီး နေအိမ်အသွားအလာကန့်သတ်ထားသူများလည်းရှိနေရာ နားကောင်းမူစည်ပင်ဈေးကို (၅) ရက်ကြာပိတ်ထားရန် ယနေ့ အောက်တိုဘာလ (၇) ရက်နေ့တွင် သဘောတူဆုံးဖြတ်ထားကြကြောင်း သိရသည်။