တာချီလိတ်မြို့တွင် CDM လုပ်ဆောင်နေသည့် ဝန်ထမ်းများထဲက ကျန်းမာရေးဝန်ထမ်း (၅၀)ဦးကို Tachileik Youth အဖွဲ့က ကျပ်သိန်း(၅၀) ဂုဏ်ပြု

တာချီလိတ်မြို့တွင် CDM လုပ်ဆောင်နေသည့် ဝန်ထမ်းများထဲက ကျန်းမာရေးဝန်ထမ်း (၅၀)ဦးကို Tachileik Youth အဖွဲ့က ကျပ်သိန်း(၅၀) ဂုဏ်ပြု
မတ် 8, 2021 | ရှမ်းရှေ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် အာဏာသိမ်းစစ်ကောင်စီလက်အောက်၌ တာဝန်မထမ်းဆောင်လို၍ CDM လုပ်ဆောင်နေသည့် ဝန်ထမ်းများအနက် ကျန်းမာရေးဝန်ထမ်း (၃၀၀)ဝန်းကျင်ထဲက (၅၀)ဦးကို Tachileik Youth အဖွဲ့က တစ်ဦးလျှင် ကျပ်(၁)သိန်းနှုန်းဖြင့် ဂုဏ်ပြုငွေအား ယနေ့ မတ်လ(၈)ရက်နေ့တွင် ချီးမြှင့်လိုက်ကြောင်း သိရသည်။

Tachileik Youth အဖွဲ့က ဆက်လက်၍လည်း တာချီလိတ်မြို့မှ CDM ဝန်ထမ်းများကို ဂုဏ်ပြုမှု ယခုလို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် CDM လုပ်ဆောင်နေသည့် ဝန်ထမ်းအင်အားအများဆုံးမှာ ကျန်းမာရေး နှင့် ပညာရေးဝန်ထမ်းများဖြစ်ပြီး တတိယအများဆုံးအနေဖြင့် စည်ပင်သာယာရေးဌာန နှင့် အခြားဌာနများ အပါအဝင် ဌာန(၁၀)ဌာနကျော်က CDM လုပ်ဆောင်ရာတွင် ပါဝင်ထားကြောင်း သိရသည်။



Tachileik News Agency