တာချီလိတ်သို့ ထိုင်းဘက်မှ လွှဲပြောင်းပေးလာသည့် မြန်မာ (၁၅၈)ဦးအနက် (၃၆)ဦးတွင် COVID 19 ပိုးတွေ့

တာချီလိတ်သို့ ထိုင်းဘက်မှ လွှဲပြောင်းပေးလာသည့် မြန်မာ (၁၅၈)ဦးအနက် (၃၆)ဦးတွင် COVID 19 ပိုးတွေ့
အောက်တိုဘာ 10, 2021 | Covid-19| ရှမ်းရှေ့

ထိုင်းနိုင်ငံမှ တာချီလိတ်ဘက်သို့ ၂၀၂၁ ခုနှစ် အောက်တိုဘာလ (၁၀) ရက်နေ့တွင် လွှဲပြောင်းပေးလာသည့် မြန်မာနိုင်ငံသား (၁၅၈) ဦးအနက် (၃၆) ဦးတွင် COVID 19 ပိုးတွေ့သည်ဟု ခရိုင်အုပ်ချုပ်ရေးဌာနက သတင်းထုတ်ပြန်ထားသည်။

ပြန်လွှဲလာသူများအား မြန်မာ - ထိုင်း ချစ်ကြည်ရေးတံတား အမှတ် (၂) တွင်လက်ခံပြီး COVID 19 စစ်ဆေးရာ အမျိုးသား (၁၆) ဦးနှင့် အမျိုးသမီး (၂၀) ဦးတို့တွင် ပိုးတွေ့ရသဖြင့် တာချီလိတ်ရှိ ဝမ်လုံး Covid-19 စောင့်ကြည့်ရေးစင်တာသို့ ပို့ဆောင်ထားကြောင်းသိရသည်။

လတ်တလောစစ်ဆေးမှုတွင် ပိုးမတွေ့ရသည့် အမျိုးသား (၉၁) ဦးနှင့် အမျိုးသမီး(၃၁) ဦး စုစုပေါင်း(၁၂၂)ဦးတို့ကိုလည်း ဝမ်လုံးQuarantine Centerတွင်  (၂)ရက်ထားရှိကာ ဒုတိယအကြိမ် စစ်ဆေးမည်ဟု သိရသည်။

ဒုတိယအကြိမ်စစ်ဆေးမှုအတွင်း ပိုးမတွေ့သူများ နေရပ်ပြန်နိုင်မည်ဖြစ်ပြီး ပိုးတွေ့သူများ စင်တာတွင်  (၁၁)ရက်နေထိုင်ပြီးမှသာ နေရပ်ပြန်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံဘက်တွင် အကြောင်းအမျိုးမျိုးဖြင့် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား အမျိုးသား (၃၅)ဦးနှင့် အမျိုးသမီး (၁၂) ဦး စုစုပေါင်း (၄၇)ဦးနှင့် နေရပ်ပြန် မြန်မာလုပ်သား အမျိုးသား (၇၂) ဦးနှင့် အမျိုးသမီး (၃၉) ဦးတို့ကို ထိုင်းနိုင်ငံက မြန်မာဘက်သို့ ပြန်လွှဲပေးလာခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency