စစ်တပ် နှင့် ပြည်ခိုင်ဖြိုး ပါတီကို ထောက်ခံသူ ပေါများသည့် မိုင်းဖြတ်မြို့တွင် ကျောင်းအုပ်ကြီး၏ ရုံးခန်း မီးလောင်

စစ်တပ် နှင့် ပြည်ခိုင်ဖြိုး ပါတီကို ထောက်ခံသူ ပေါများသည့် မိုင်းဖြတ်မြို့တွင် ကျောင်းအုပ်ကြီး၏ ရုံးခန်း မီးလောင်

စစ်တပ် နှင့် ပြည်ခိုင်ဖြိုး ပါတီကို ထောက်ခံသူ ပေါများသည့် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်အတွင်း မိုင်းဖြတ်မြို့တွင် အခြေခံပညာအထက်တန်းကျောင်း(မိုင်းဖြတ်)၏ ကျောင်းအုပ်ရုံးခန်း မီးရှို့ခံရကြောင်း သိရသည်။

အခြေခံပညာအထက်တန်းကျောင်း(မိုင်းဖြတ်)အတွင်း စစ်တောင်းနှစ်ထပ်ဆောင်အောက်ရှိ  ကျောင်းအုပ်ဆရာမ ​ဒေါ်အမာကြည်၏ ရုံးခန်းတွင် ၂၀၂၂ခုနှစ် ဩဂုတ်လ(၃၀)ရက်နေ့ နံနက်(၂)နာရီခွဲ ဝန်းကျင်အချိန်က မီးရှို့ခံရခြင်း ဖြစ်ကြောင်း သိရသည်။

မီးလောင်မှုကြောင့် ရုံးခန်းအတွင်းမှ ၂၀၂၁-၂၀၂၂ နှစ် ဒုတိယနှစ်ဝက်ဆုံး ​ကျောင်းတွင်းစစ်စာမေးပွဲ အဖြေလွှာ (၉၃၀)​စောင်၊ သစ်သားကုလားထိုင် (၁)လုံးအပြင် ပြတင်းပေါက်မှန်နှင့် ဗီဒိုမှန်တို့ ပျက်စီးပြီး သုံးမရသည့် ကွန်ပျူတာ Desktop တစ်လုံးလည်း ပျက်စီးသွားကြောင်း သိရသည်။

မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးခိုင်စိုးဝင်း၏ စစ်ဆေးမှုအရ မီးလောင်ထားသည့် အဖြေလွှာစာရွက်များတွင် ဒီဇယ်အနံ့ရရှိနေသည့်အတွက် ထုံးစံအတိုင်း ဝါယာရှော့ မဟုတ်ဘဲ ရှို့မီးဖြစ်သည်ဟု အတည်ပြုထားကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး မီးရှို့ဖျက်ဆီး သွားသူကို ဖမ်းဆီးပေးရန်အတွက် မိုင်းဖြတ်မြို့မရဲစခန်းတွင် ကျောင်းအုပ်ဆရာမကြီး ​ဒေါ်အမာကြည်က တရားလို ပြုလုပ်ပြီး (ပ) ၁၀/၂၂၊ ပြည်သူပိုင် -(၆၁)ဖြင့် အမှုဖွင့်ထားရှိသည်ဟု သိရသည်။

#TachileikNewsAgency