ကျိုင်းတုံမြို့ရှိ မီးရထားနေရာတွင် မြန်မာ့မီးရထားလုပ်ငန်းက ပြန်လည်စွန့်လွှတ်ပြီးပါက အဝေးပြေးယာဉ်ရပ်နားစခန်း တည်ဆောက်ရေးအတွက် ဆောင်ရွက်ပေးမည်ကျိုင်းတုံမြို့ရှိ မီးရထားနေရာတွင် မြန်မာ့မီးရထားလုပ်ငန်းက ပြန်လည်စွန့်လွှတ်ပြီးပါက အဝေးပြေးယာဉ်ရပ်နားစခန်း တည်ဆောက်ရေးအတွက် ဆောင်ရွက်ပေးမည်

ကျိုင်းတုံမြို့ရှိ မီးရထားနေရာတွင် မြန်မာ့မီးရထားလုပ်ငန်းက ပြန်လည်စွန့်လွှတ်ပြီးပါက အဝေးပြေးယာဉ်ရပ်နားစခန်း တည်ဆောက်ရေးအတွက် ဆောင်ရွက်ပေးမည်ကျိုင်းတုံမြို့ရှိ မီးရထားနေရာတွင် မြန်မာ့မီးရထားလုပ်ငန်းက ပြန်လည်စွန့်လွှတ်ပြီးပါက အဝေးပြေးယာဉ်ရပ်နားစခန်း တည်ဆောက်ရေးအတွက် ဆောင်ရွက်ပေးမည်
စကျတငျဘာ 23, 2019
By Tachileik News Agency

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် မြန်မာ့မီးရထားက သိမ်းထားသည့်မြေနေရာမှ (၁၅)ဧကတွင် အဝေးပြေးယာဉ်ရပ်နားစခန်း တည်ဆောက်နိုင်ရေးကို မြန်မာ့မီးရထားလုပ်ငန်းမှ မြေယာစွန့်လွှတ်ပြီးပါက လုပ်ထုံးလုပ်နည်းနှင့်အညီ  ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့က ပြည်နယ်လွှတ်တော်တွင် ဖြေကြားသည်။

ကျိုင်းတုံမြို့တွင် မြို့ရှောင်လမ်းဖောက်လုပ်ပြီးပါက မော်တော်ယာဉ်များအတွက် အဝေးပြေးယာဉ် ရပ်နားစခန်းတစ်ခု လိုအပ်မည်ဖြစ်သဖြင့် ပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားလုပ်ငန်းမှ ကျိုင်းတုံ-မိုးနဲ မီးရထားလမ်းစီမံကိန်းမှ ပြန်လည်စွန့်လွှတ်သည့် (၄၂.၄၂) ဧကအနက်မှ (၁၅) ဧကကို ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ကူညီဆောင်ရွက်ပေးရန်အစီအစဉ်ရှိ၊ မရှိကို ကျိုင်းတုံမဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဝဏ္ဏစိုးက ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၂၃)ရက်နေ့တွင်   ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေး၌ ကြယ်ပွင့်ပြမေးခွန်းအဖြစ် မေးမြန်းခဲ့ခြင်းဖြစ်သည်။

အဆိုပါ မေးခွန်းကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်  စိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး စိုင်းလုံးကျော်က ပြန်လည်ဖြေကြားရာတွင် ကျိုင်းတုံ - မိုးနဲ မီးရထားလမ်းစီမံကိန်း ဘူတာတည်ဆောက်ရေး အတွက် သိမ်းဆည်းခဲ့သည့် (၄၂.၄၂) ဧကကို မြန်မာ့မီးရထား အင်ဂျင်နီယာ(မြို့ပြ) နေပြည်တော်သို့ ပြန်လည်စွန့်လွှတ်နိုင်ရေး တင်ပြထားရှိပြီး ပြန်လည်စွန့်လွှတ်လာပါက ကျိုင်းတုံမြို့နယ် စည်ပင်သာယာရေးကော်မတီမှ တောင်းခံထားသည့် အဝေးပြေးယာဉ်ရပ်နားစခန်းတည်ဆောက်ရေး (၁၅) ဧကကို ရှမ်းပြည်နယ်အစိုးရအနေဖြင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖြေကြားခဲ့သည်။


Tachileik News Agency



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် မြန်မာ့မီးရထားက သိမ်းထားသည့်မြေနေရာမှ (၁၅)ဧကတွင် အဝေးပြေးယာဉ်ရပ်နားစခန်း တည်ဆောက်နိုင်ရေးကို မြန်မာ့မီးရထားလုပ်ငန်းမှ မြေယာစွန့်လွှတ်ပြီးပါက လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့က ပြည်နယ်လွှတ်တော်တွင် ဖြကြေားသည်။

ကျိုင်းတုံမြို့တွင် မြို့ရှောင်လမ်းဖောက်လုပ်ပြီးပါက မော်တော်ယာဉ်များအတွက် အဝေးပြေးယာဉ် ရပ်နားစခန်းတစ်ခု လိုအပ်မည်ဖြစ်သဖြင့် ပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားလုပ်ငန်းမှ ကျိုင်းတုံ-မိုးနဲ မီးရထားလမ်းစီမံကိန်းမှ ပြန်လည်စွန့်လွှတ်သည့် (၄၂.၄၂) ဧကအနက်မှ (၁၅) ဧကကို ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ကူညီဆောင်ရွက်ပေးရန်အစီအစဉ်ရှိ၊ မရှိကို ကျိုင်းတုံမဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဝဏ္ဏစိုးက ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၂၃)ရက်နေ့တွင် ရှမ်းပြည်နယ်လွှတ်တော် အစည်းအေဝး၌ ကြယ်ပွင့်ပြမေးခွန်းအဖြစ် မေးမြန်းခဲ့ခြင်းဖြစ်သည်။

အဆိုပါ မေးခွန်းကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး စိုင်းလုံးကျော်က ပြန်လည်ဖြကြေားရာတွင် ကျိုင်းတုံ - မိုးနဲ မီးရထားလမ်းစီမံကိန်း ဘူတာတည်ဆောက်ရေး အတွက် သိမ်းဆည်းခဲ့သည့် (၄၂.၄၂) ဧကကို မြန်မာ့မီးရထား အင်ဂျင်နီယာ(မြို့ပြ) နပြေည်တော်သို့ ပြန်လည်စွန့်လွှတ်နိုင်ရေး တင်ပြထားရှိပြီး ပြန်လည်စွန့်လွှတ်လာပါက ကျိုင်းတုံမြို့နယ် စည်ပင်သာယာရေးကော်မတီမှ တောင်းခံထားသည့် အဝေးပြေးယာဉ်ရပ်နားစခန်းတည်ဆောက်ရေး (၁၅) ဧကကို ရှမ်းပြည်နယ်အစိုးရအနဖြေင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖြကြေားခဲ့သည်။

ကျိုင်းတုံ - မိုးနဲ မီးရထားလမ်းပိုင်းကို နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ လမ်းညွှန်ချက်အရ ရထားပို့ဆောင်ရေးဝန်ကြီးဌာနက ၂ဝဝ၉ ခုနှစ်၊ ဧပြီလ (၄) ရက်နေ့တွင် စတင်ဖောက်လုပ်ခဲ့ပြီး ၂ဝ၁ဝ ခုနှစ်၊ စက်တင်ဘာ (၁၉) ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သော်လည်း အသုံးပြုနိုင်ခြင်းမရှိဘဲ ပြန်လည်ဖျက်သိမ်းခဲ့ရခြင်းဖြစ်သည်။

Tachileik News Agency
ဓာတ်ပုံ - ရှမ်းပြည်နယ်လွှတ်တော်၊ Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net