တာချီလိတ်ဘက်အခြမ်း မယ်ဆိုင်ချောင်းအတွင်း အမှိုက်ကောက်သန့်ရှင်းရေးပြုလုပ်ရာတွင် နိုင်ငံခြားသားတစ်ဦး ပါဝင် အမှိုက်ကောက်တာချီလိတ်ဘက်အခြမ်း မယ်ဆိုင်ချောင်းအတွင်း အမှိုက်ကောက်သန့်ရှင်းရေးပြုလုပ်ရာတွင် နိုင်ငံခြားသားတစ်ဦး ပါဝင် အမှိုက်ကောက်

တာချီလိတ်ဘက်အခြမ်း မယ်ဆိုင်ချောင်းအတွင်း အမှိုက်ကောက်သန့်ရှင်းရေးပြုလုပ်ရာတွင် နိုင်ငံခြားသားတစ်ဦး ပါဝင် အမှိုက်ကောက်တာချီလိတ်ဘက်အခြမ်း မယ်ဆိုင်ချောင်းအတွင်း အမှိုက်ကောက်သန့်ရှင်းရေးပြုလုပ်ရာတွင် နိုင်ငံခြားသားတစ်ဦး ပါဝင် အမှိုက်ကောက်
မေ 25, 2019
By Tachileik News Agency

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ် နှင့် မယ်ဆိုင်အကြားရှိ မယ်ဆိုင်ချောင်းအတွင်း ဌာနဆိုင်ရာနှင့်လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်နေပြည်သူများ စုပေါင်းကာ ၂၀၁၉ခုနှစ် မေလ(၂၅)ရက် နံနက်က သန့်ရှင်းရေးပြုလုပ်ရာ သြစတေးလျ နိုင်ငံသားတစ်ဦးလည်း ပါဝင်ကာ အမှိုက်ကောက်ခဲ့ကြောင်း သိရသည်။


ယနေ့ မေလ(၂၅)ရက်နေ့တွင် တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်အပိုင်းတွင်းရှိ မယ်ဆိုင်ချောင်းအတွင်း၌ စုပေါင်းအမှိုက်ကောက်ရာ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ၊ မီသတ်၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်အဖွဲ့၊ ရပ်ကွက်နေပြည်သူများဖြင့် စုပေါင်းအမှိုက်ကောက်ကြရာ ယခုလို မယ်ဆိုင်ချောင်းအတွင်း အမှိုက်ကောက်သန့်ရှင်းရေးပြုလုပ်သည်မှာ (၃)ကြိမ်မြောက်ဖြစ်ကြောင်း သိရသည်။

မယ်ဆိုင်ချောင်းအတွင်း ထိုင်းနိုင်ငံဘက် မယ်ဆိုင်အခြမ်းတွင် နေသူတို့ အချို့က ခွင့်ပြုချက်မဲ့ ရေလွှဲရယူသုံးစွဲရာမှ တာချီလိတ်ဘက်အခြမ်း အချို့သောနေရာများတွင် ရေမရှိတော့သည်အထိ ဖြစ်သွားခဲ့ပြီးနောက် အမှိုက်များ ရှိနေသည်ကို တွေ့ရှိရသည့်အတွက် စုပေါင်း သန့်ရှင်းရေးပြုလုပ်နေကြခြင်းဖြစ်ပြီး မယ်ဆိုင်ချောင်းကိစ္စနှင့် ပတ်သက်၍ နှစ်ဖက်တာဝန်ရှိသူများမှ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်းသိရသည်။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ် နှင့် မယ်ဆိုင်အကြားရှိ မယ်ဆိုင်ချောင်းအတွင်း ဌာနဆိုင်ရာနှင့်လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်နပြေည်သူများ စုပေါင်းကာ ၂၀၁၉ခုနှစ် မေလ(၂၅)ရက် နံနက်က သန့်ရှင်းရေးပြုလုပ်ရာ သြစတေးလျ နိုင်ငံသားတစ်ဦးလည်း ပါဝင်ကာ အမှိုက်ကောက်ခဲ့ကြောင်း သိရသည်။

"သူက ကျွန်တော်တို့ အမှိုက်ကောက်ဖို့ ဆော်သြတဲ့ ကားပေါ်က အသံကို ကြားတော့ ဘာလဲဆိုပြီး လာကြည့်ရာကနေ မေးမြန်းလာတော့ စုပေါင်းအမှိုက်ကောက်ဖို့ပါဆိုပြီး ပြောလိုက်တော့ အဲ့ဒါဆို သူလည်း ပါဝင်ချင်တယ်၊ လိုက်ကောက်မယ်လို့ ပြောပြီး လိုက်လာတော့ အဲ့ဒါနဲ့ သူလည်း မယ်ဆိုင်ချောင်းအတွင်းမှာ အားလုံးနဲ့အတူ အစအဆုံး အမှိုက်ကောက်သွားတယ်၊ အခုလို နိုင်ငံခြားသားတောင် အမှိုက်ကောက်ရာမှာ ပါဝင်လာတယ်ဆိုဟာ အတုယူစရာပါ။ အမှိုက်ပစ်သူတွေအနေနဲ့လည်း သတိပြုသင့်ပါတယ်"ဟု စုပေါင်း အမှိုက်ကောက်ရာတွင် ပါဝင်သည့် မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေက ပြောသည်။

ယနေ့ မေလ(၂၅)ရက်နေ့တွင် တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်အပိုင်းတွင်းရှိ မယ်ဆိုင်ချောင်းအတွင်း၌ စုပေါင်းအမှိုက်ကောက်ရာ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ၊ မီသတ်၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်အဖွဲ့၊ ရပ်ကွက်နပြေည်သူများဖြင့် စုပေါင်းအမှိုက်ကောက်ကြရာ ယခုလို မယ်ဆိုင်ချောင်းအတွင်း အမှိုက်ကောက်သန့်ရှင်းရေးပြုလုပ်သည်မှာ (၃)ကြိမ်မြောက်ဖြစ်ကြောင်း သိရသည်။

မယ်ဆိုင်ချောင်းအတွင်း ထိုင်းနိုင်ငံဘက် မယ်ဆိုင်အခြမ်းတွင် နေသူတို့ အချို့က ခွင့်ပြုချက်မဲ့ ရေလွှဲရယူသုံးစွဲရာမှ တာချီလိတ်ဘက်အခြမ်း အချို့သောနေရာများတွင် ရေမရှိတော့သည်အထိ ဖြစ်သွားခဲ့ပြီးနောက် အမှိုက်များ ရှိနေသည်ကို တွေ့ရှိရသည့်အတွက် စုပေါင်း သန့်ရှင်းရေးပြုလုပ်နကြခြေင်းဖြစ်ပြီး မယ်ဆိုင်ချောင်းကိစ္စနှင့် ပတ်သက်၍ နှစ်ဖက်တာဝန်ရှိသူများမှ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်းသိရသည်။

Tachileik News Agency
ဓာတ်ပုံ - ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net