ဗန်းမောက်မြို့နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီတပ်က ပိတ်ဆို့စစ်ဆေးမှုများရှိနေပြီး ကျေးရွာအချို့ စစ်ဘေးရှောင်နေရ

စစ်ဘေးရှောင်နေကြသည့် ဒေသခံများ
စစ်ဘေးရှောင်နေကြသည့် ဒေသခံများ
ဗန်းမောက်မြို့နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီတပ်က ပိတ်ဆို့စစ်ဆေးမှုများရှိနေပြီး ကျေးရွာအချို့ စစ်ဘေးရှောင်နေရ
By Tachileik News Agency

စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီတပ်က ပိတ်ဆို့စစ်ဆေးမှုများရှိနေပြီး ပေကုန်း၊ လယ်နက်ကြီး၊ နားယော ကျေးရွာများမှ ဒေသခံများမှာ ယနေ့ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ (၁၄)ရက်နေ့မှစ၍ စစ်ဘေးရှောင်နေကြရကြောင်း သိရသည်။

အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့များက လွှစင်ကုန်း ဘုန်းကြီးကျောင်းကို ပိတ်ဆို့စစ်ဆေးခဲ့သည့်အပြင် ပေကုန်း၊ နားယောလမ်းဘက်မှနေ၍ ဗန်းမောက်ဘက်သို့ သွားလာခွင့်ကိုလည်း ပိတ်ထားကြောင်း  သိရပြီး ဒေသခံများသည် အိမ်စောင့်ချန်ခဲ့ပြီး နီးစပ်ရာ ဆွေမျိုးများထံ စစ်ဘေးရှောင်နေကြကြောင်း သိရသည်။

ဗန်းမောက်မြို့‌ပေါ်တွင် ဩဂုတ်လ (၁၃) ရက်နေ့ကလည်း အာဏာသိမ်းစစ်ကောင်စီတပ်သားများ လူနေအိမ်များပေါ်မှနေ၍ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် အရပ်သား (၄)ဦး ထိမှန်ခဲ့သည့်အပြင် (၁)ဦးသေဆုံးသည်ဟု သိရသည်။

မြို့တွင်းပစ်ခတ်မှုများကြောင့် တိုက်ပွဲဖြစ်ပွားမည်စိုးရိမ်ပြီး  မြို့ပေါ်နေထိုင်သူများမှာလည်း နီးစပ်ရာရွှေ့ပြောင်းနေကြရကြောင်း သိရသည်။

Photo: ဗန်းမောက်မြို့