ချောင်းနှစ်ခွရဲစခန်းသို့ စစ်ကူလာသည့် စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်များတိုက်ခိုက်ရာ လက်နက်ခဲယမ်းများသိမ်းဆည်းရရှိ

ချောင်းနှစ်ခွရဲစခန်းသို့ စစ်ကူလာသည့် စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်များတိုက်ခိုက်ရာ လက်နက်ခဲယမ်းများသိမ်းဆည်းရရှိ
နိုဝင်ဘာ 28, 2023 | 2021 Military Coup| အခြားဒေသများ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွရဲစခန်းသို့ စစ်ကူလာသည့် စစ်ကောင်စီတပ်နှင့် BGFတပ်ကို တော်လှန်ရေးတပ်များက ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၂၇)ရက်နေ့တွင် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိပြီး (၁၁)ဦးကိုလည်း အရှင်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ကျိုက်မရောမြို့နယ်၊ တောင်ကလေးကျေးရွာရှိ တောင်ကလေးစခန်းမှ ချောင်းနှစ်ခွသို့ စစ်ကူလာသည့် စစ်ကောင်စီ တပ်မ(၂၂)၊ တပ်မ (၄၄)၊ အမှတ် (၄)တန်းမြှင့်လေ့ကျင့်ရေးသင်တန်းသားများ၊ နယ်ခြားစောင့်တပ်ဖွဲ့ (BGF) ပူးပေါင်းစစ်ကြောင်းကို နဂါးနီစစ်ကြောင်း၊ Federal Wings တပ်ဖွဲ့နှင့် KNLA တပ်ရင်း(၁၆)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးသူများကာ ပြန်လည်ဆုတ်ခွာသွားပြီး တိုက်ပွဲဖြစ်ချိန်အတွင်း စစ်တပ်ဘက်မှ စစ်သား(၄)ဦး လက်နက်ချ၍ အလင်းဝင်ရောက်လာကြောင်း သိရသည်။

ထို့အပြင် စစ်ကောင်စီတပ်ဘက်က ဗိုလ်ကြီးတစ်ဦးနှင့် BGF နယ်ခြားစောင့်တပ်၊ တပ်နယ်(၄)စစ်ကြောင်းမှူး ဗိုလ်မှူးနော်တယာ အပါအဝင် (၁၁)ဦးသေဆုံးပြီး လက်နက်မျိုးစုံ‌(၁၅)လက်ကို သိမ်းဆည်းရမိကြောင်း နဂါးနီစစ်ကြောင်းထံမှ သိရသည်။

တိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဘက်က ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

#TachileikNewsAgency