ရေးမြို့နယ်အတွင်း အာဏာသိမ်းစစ်တပ်၏ ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ကားတစ်စီး လမ်းဘေးကျ တိမ်းမှောက်

ရေးမြို့နယ်အတွင်း အာဏာသိမ်းစစ်တပ်၏ ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ကားတစ်စီး လမ်းဘေးကျ တိမ်းမှောက်
ဒီဇင်ဘာ 30, 2021 | အခြားဒေသများ

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ နှင်းစုံကျေးရွာနှင့် စံပြကျေးရွာကြားရှိ ကားလမ်းမပေါ်၌ အာဏာသိမ်း စစ်ကောင်စီယာဉ်တန်းကို ရေး PDF က ၂၀၂၁ ခုနှစ်၊  ဒီဇင်ဘာလ (၃၀) ရက်နေ့ နံနက်ပိုင်းက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အာဏာသိမ်းတပ်ဘက်မှ သေဆုံးသူများရှိသည်ဟု ထုတ်ပြန်ထားသည်။

ရေး PDF က မိုင်းဆွဲတိုက်ခိုက်မှုကြောင့်  အာဏာသိမ်းစစ်ကောင်စီယာဉ်တန်းမှ တစ်စီး လမ်းဘေးသို့ လန်ကျ၍ တိမ်းမှောက်သွားခဲ့၍ ထိခိုက်သေဆုံးမှုများနိုင်ကြောင်း PDF ၏ သတင်းထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။ 

ရေးမြို့နယ်တွင် တောင်ပိုင်း PDF ၊ မြောက်ပိုင်း PDF ၊ မြောက်ပိုင်းတိုင်း PDF တို့ ပူးပေါင်းတပ်ဖွဲ့ကို မိုးကြိုးနက်အဖွဲ့အဖြစ် နိုဝင်ဘာလ (၂၄) ရက်နေ့တွင် ဖွဲစည်းထားခြင်း ဖြစ်သည်။