တရုတ်နိုင်ငံတွင် တိရိစ္ဆာန်ကနေ လူကိုကူးသည့် ဗိုင်းရပ်စ်အသစ် လူ (၃၅) ဦး  ကူးစက်ခံထားရ

LayV ကို တွေ့ရပြီး  အများအားဖြင့် ပွေးကောင်ကဲ့သို့ နို့တိုက်သတ္တဝါများ နှင့် ကြွက်စုတ်များတွင် အများဆုံး တွေ့ရှိထားဟု သိရသည်။ 
LayV ကို တွေ့ရပြီး  အများအားဖြင့် ပွေးကောင်ကဲ့သို့ နို့တိုက်သတ္တဝါများ နှင့် ကြွက်စုတ်များတွင် အများဆုံး တွေ့ရှိထားဟု သိရသည်။ 
တရုတ်နိုင်ငံတွင် တိရိစ္ဆာန်ကနေ လူကိုကူးသည့် ဗိုင်းရပ်စ်အသစ် လူ (၃၅) ဦး  ကူးစက်ခံထားရ
By Mr John

 တရုတ်နိုင်ငံ အရှေ့ပိုင်းတွင် တိရိစ္ဆာန်မှဖြစ်ပေါ်လာသည့် ဗိုင်းရပ်စ်သစ်တစ်မျိုးကို သိပ္ပံပညာရှင်များက ခြေရာခံနေပြီး အနည်းဆုံး ဒါဇင်နှင့်ချီသည့် လူများတွင် ထိုဗိုင်းရပ်စ်ကူးစက်ခံခဲ့ရကြောင်း သိရသည်။ 

တရုတ်အရှေ့ပိုင်း Shandong နှင့် Henan ပြည်နယ်တို့တွင် novel Langya henipavirus (LayV) ဗိုင်းရပ်စ် ကူးစက်ခံရသူ (၃၅) ဦး တွေ့ရှိရသည်။

ကူးစက်ခံရသူ အများအပြားမှာ ကိုယ်ပူခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်းနှင့် ချောင်းဆိုခြင်းတို့ ဖြစ်ပေါ်ခံစားကြရသည်ဟု ဆိုသည်။ 

၎င်းတို့မှာ တိရိစ္ဆာန်များထံမှ တဆင့် ထိုဗိုင်းရပ်စ်ကူးစက်ခံခဲ့ရခြင်းသော်လည်း လူအချင်းချင်းကြား ကူးစက်နိုင်သည့် အထောက်အထား မရှိသေးကြောင်း သိရသည်။

သုတေသီများက LayV ဗိုင်းရပ်စ်ကို  ကြွက်စုတ်များ၏ (၂၇) ရာခိုင်နှုန်း၊ ခွေးများ၏(၅) ရာခိုင်နှုန်းနှင့် ဆိတ်များ၏ (၂) ရာခိုင်နှုန်းတွင် LayV ကို တွေ့ရပြီး  အများအားဖြင့် ကြွက်စုတ်များတွင် အများဆုံး တွေ့ရှိထားဟု သိရသည်။ 



ထိုဗိုင်းရပ်စ်သစ် ရှာဖွေတွေ့ရှိမှုကို တရုတ်၊ စင်ကာပူနှင့် ဩစတြေးလျနိုင်ငံတို့မှ သုတေသီများက ရေးသားထားသည့် စာတစ်စောင်ကို ယခုလထုတ် New England Journal of Medicine ဆေးပညာဂျာနယ်တွင် ဖော်ပြခဲ့သည်။

စင်ကာပူနိုင်ငံ Duke-NUS Medical School မှ သုတေသီတစ်ဦးဖြစ်သူ Wang Linfa က တရုတ်အစိုးရသတင်းဌာန Global Times ကို ပြောကြားမှုအရ ယခုအချိန်အထိ LayV ဗိုင်းရပ်စ် ကူးစက်ခံရသူများတွင် သေဆုံးမှု သို့မဟုတ် ရောဂါပြင်းထန်မှုမရှိသေးသည့်အတွက် အထိတ်တလန့်ဖြစ်ရန် မလိုကြောင်းလည်း အသိပေးထားသည်။ 

ပွေးကောင်ကဲ့သို့ နို့တိုက်သတ္တဝါများမှာ ထိုဗိုင်းရပ်စ်အတွက် သဘာဝအလျောက် စုစည်းရှိကြရာဖြစ်နိုင်သည်ဟု ယူဆထားသည်။ 

 

LayV ဗိုင်းရပ်စ်၏ အခြေအနေကို အနီးကပ် ဂရုပြုထားကြောင်း ထိုင်ဝမ် ရောဂါထိန်းချုပ်ရေးဌာနကလည်း ဩဂုတ်လ (၇) ရက်နေ့တွင် ပြောခဲ့သည်။ 

LayV မှာ henipavirus ဗိုင်းရပ်စ် အမျိုးအစားတစ်ခုဖြစ်ပြီး တိရိစ္ဆာန်များမှ လူသားထံသို့ ကူးစက်နိုင်သည့် zoonotic အုပ်စုထဲတွင် ပါဝင်ပြီး Zoonotic ဗိုင်းရပ်စ်များကို အတွေ့များနေကျ ဖြစ်သော်လည်း COVID-19 ကပ်ရောဂါ စတင်ခဲ့ချိန်ကတည်းက ထိုဗိုင်းရပ်စ်များကို ပိုမိုဂရုပြုလာခဲ့ကြခြင်း ဖြစ်သည်။

အမေရိကန် ရောဂါကာကွယ်ရေးနှင့်တားဆီးရေးဌာန၏ အဆိုအရ လူများတွင်တွေ့ရသည့် တိရိစ္ဆာန်မှ ကူးစက်သောသော ကူးစက်ရောဂါအသစ် (၄) မျိုးအနက်မှ (၃) မျိုးမှာ zoonotic အုပ်စုဝင် ဗိုင်းရပ်စ်ဖြစ်သည်ဟု သိပ္ပံပညာရှင်များက ခန့်မှန်းထားကြောင်း သိရသည်။

 တောရိုင်းတိရိစ္ဆာန်ရောင်းဝယ်ခြင်းနှင့် ရာသီဥတုပြောင်းလဲမှုတို့နှင့်အတူ ကမ္ဘာတွင် ထိုကဲ့သို့သောရောဂါများ ပိုမိုတွေ့လာလိမ့်မည်ဟု ကုလသမဂ္ဂက ယခင်က သတိပေးခဲ့ဖူးသည်။

အချို့သော zoonotic ဗိုင်းရပ်စ်များက လူကို သေစေနိုင်ကြောင်း သိရသည်။ 

၎င်းတို့အနက် အာရှဒေသတွင်း အချိန်အခါအလိုက် တိရိစ္ဆာန်နှင့် လူများတွင် ဖြစ်ပွားသည့် Nipha ဗိုင်းရပ်စ်နှင့် ဩစတြေးလျ၌ မြင်းများတွင် ပထမဆုံး တွေ့ရှိခဲ့ရသည့် Hendra ဗိုင်းရပ်စ်တို့ ပါဝင်သည်။ 

အခြား henipavirus ဗိုင်းရပ်စ်အမျိုးအစားများကိုလည်း ကြွက်စုတ်များ၊ လင်းနို့နှင့် ရှေ့သွားများဖြင့် ကိုက်ဖြတ်တတ်သည့် ရှဥ့်ကဲ့သို့ တိရိစ္ဆာန်များတွင် တွေ့ရသည်ဟု ဆိုသည်။

Source: BBC