ကျိုင်းတုံမြို့ရှိ လျှပ်စစ်ဝန်ထမ်း လိုင်းခန်းတွင် Covid-19 ကူးစက်ခံရသူ (၂)ဦး ထပ်မံတွေ့ရှိရာ  စည်ပင်ဝန်ထမ်း (၁)ဦး ပါဝင်

ကျိုင်းတုံမြို့ရှိ လျှပ်စစ်ဝန်ထမ်း လိုင်းခန်းတွင် Covid-19 ကူးစက်ခံရသူ (၂)ဦး ထပ်မံတွေ့ရှိရာ  စည်ပင်ဝန်ထမ်း (၁)ဦး ပါဝင်
ဇူလိုင် 3, 2021 | Covid-19| ရှမ်းရှေ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် ဇူလိုင်လ(၂)ရက်နေ့က တွေ့ရှိရသည့် Covid-19 အတည်ပြုလူနာ လျှပ်စစ်ဝန်ထမ်း (၁)ဦးနှင့် ထိတွေ့သူများကို ယနေ့ ဇူလိုင်လ(၃)ရက်နေ့တွင် စစ်ဆေးရာ Covid-19 ကူးစက်ခံရသူ (၂)ဦး ထပ်တိုးတွေ့ရှိရကြောင်း သိရသည်။

လျှပ်စစ်ဝန်ထမ်း လိုင်းခန်းတွင် နေထိုင်သည့် ထိတွေ့သူများကို ယနေ့ နံနက်ပိုင်းက RDT Test Kit ဖြင့် စစ်ဆေးရာ  (၂)ဦးတွင် Covid-19 ပိုးကူးစက်ခံထားရသည်ကို စစ်ဆေးတွေ့ရှိပြီး (၂)ဦးအနက် (၁)ဦးမှာ  စည်ပင်သာယာရေးဌာနက ဖြစ်ကြောင်း သိရသည်။

လျှပ်စစ်ဝန်ထမ်းလိုင်းခန်းတွင် နေသူဖြစ်သည့် ကျိုင်းတုံမြို့နယ်စည်ပင်သာယာရေးဌာနမှ Covid-19 ပိုးတွေ့  ဝန်ထမ်းနှင့် ထိတွေ့သူ စည်ပင်ဝန်ထမ်း (၁၁)ဦးကို စစ်ဆေးရာတွင် Covid-19 ပိုးမတွေ့ရသော်လည်း သတ်မှတ်ရက်တွင် ဒုတိယအကြိမ် ဆက်လက်စစ်ဆေးမည် ဖြစ်ကြောင်း သိရသည်။

ဇူလိုင်လ(၂)ရက်နေ့က စစ်ဆေးတွေ့ရှိရသည့် လျှပ်စစ်ဝန်ထမ်း အမျိုးသားသည် ဇွန်လ(၂၁)ရက်နေ့က တောင်ကြီးမြို့သို့ သွားရောက်ခဲ့ပြီး ဇွန်လ(၂၆)ရက်နေ့တွင် ကျိုင်းတုံမြို့သို့ ပြန်လည်ရောက်ရှိလာပြီးနောက် နေမကောင်းဖြစ်၍ ကျိုင်းတုံ စစ်ဆေးရုံသို့ သွားရောက် စစ်ဆေးကြည့်ရာမှ Covid-19 ပိုးတွေ့ရခြင်း ဖြစ်ကြောင်း သိရသည်။

 

ကျိုင်းတုံမြို့တွင် ဇူလိုင်လ(၂၉)ရက်နေ့က၍ ဇူလိုင်လ(၃)ရက်နေ့ နေ့လည်(၁၂)နာရီအချိန်အထိ Covid-19 ပိုးတွေ့ရှိရသူ စုစုပေါင်း (၈)ဦးရှိနေပြီ ဖြစ်ကြောင်း သိရသည်။