အတည်ပြုလူနာနှင့် ထိတွေ့ခဲ့သည့် မိုင်းဖြတ်မြို့က အမျိုးသားတစ်ဦး COVID-19 ကူးစက်ခံရကြောင်း ဓါတ်ခွဲအဖြေထွက်

အတည်ပြုလူနာနှင့် ထိတွေ့ခဲ့သည့် မိုင်းဖြတ်မြို့က အမျိုးသားတစ်ဦး COVID-19 ကူးစက်ခံရကြောင်း ဓါတ်ခွဲအဖြေထွက်
ဧပြီ 15, 2020
By Tachileik News Agency
အတည်ပြုလူနာနှင့် ထိတွေ့ခဲ့သည့် မိုင်းဖြတ်မြို့က အမျိုးသားတစ်ဦး COVID-19 ကူးစက်ခံရကြောင်း ဓါတ်ခွဲအဖြေထွက်

အတည်ပြုလူနာ (Case 024)နှင့် ထိတွေ့မှုရှိခဲ့သည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့မှ အသက် (၂၃)နှစ်အရွယ် အမျိုးသား (၁)ဦး ၂၀၂၀ ခုနှစ်၊ ဧပြီလ (၁၅)ရက်နေ့တွင် အတည်ပြုလူနာအဖြစ် ဓါတ်ခွဲအဖြေရရှိ၍ ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် ပထမဆုံး အတည်ပြုလူနာရှိလာခြင်းဖြစ်သည်။

မိုင်းဖြတ်က အတည်ပြုလူနာနဲ့ထိတွေ့သူရော၊ သူ့မိသားစုရော ထိတွေ့သူစုစုပေါင်း (၇)ဦး ဓါတ်ခွဲစစ်ဆေးတာမှာ ထိတွေ့သူတစ်ယောက်ပဲ အတည်ပြုဖြစ်တာ

ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဘစိုးသက်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရန်ကုန်တွင် ဘာသာရေးပွဲတစ်ခုတက်လာသည့် အသက် (၂၄)နှစ်အရွယ်အမျိုးသားတွင် COVID 19 ပိုးတွေ့ရသော်လည်း အတူနေမိသားစုဝင် (၃)ဦးနှင့် ကျိုင်းတုံမှ မိုင်းဖြတ်ပြန်လာစဉ် ကားအတူစီးလာသူ (၃)ဦးတွင် COVID 19 ပိုးမတွေ့ရကြောင်း ဓါတ်ခွဲအဖြေရရှိထားသည်။

ဘာသာရေးပွဲတစ်ခု အတူတက်ခဲ့သူ (၄) ဦး ဧပြီလ (၁၁)ရက်နေ့က အတည်ပြုလူနာအဖြစ် ဓါတ်ခွဲအဖြေ ရရှိပြီးနောက် ၎င်းတို့နှင့် အနီးကပ်ထိတွေ့ခဲ့သူတစ်ဦးမှာ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဖြတ်မြို့သို့ ပြန်လာကြောင်း သိရသဖြင့် ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူများက ဧပြီလ (၁၂)ရက်နေ့တွင် လိုက်လံစုံစမ်းပြီး အတည်ပြုလူနာများနှင့်ထိတွေ့မှုရှိသူအပါအဝင် ၎င်း၏မိသားစုဝင်များ၊ ၎င်းနှင့်ဆက်စပ်ထိတွေ့သူများ စုစုပေါင်း (၇)ဦးကို ဓါတ်ခွဲအဖြေရယူခဲ့ကြခြင်းဖြစ်သည်။

လက်ရှိအတည်ပြုလူနာနှင့် လေယာဉ်တစ်စီးထဲလိုက်ပါစီးနင်းလာသူ (၂၅)ဦးကိုလည်း ဧပြီလ (၁၂)ရက်နေ့ကတည်းက အသွားအလာကန့်သတ်စောင့်ကြည့်ထားပြီးဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~