တရုတ် - မြန်မာ နယ်စပ်ဒေသ အထူးဒေသ(၄) နှင့် မိုင်းယုအကြားရှိ မိုင်းယု - ကျိန်းယဲန်းတံတားကို ကျိန်းယဲန်းဘက်က မတ်လ(၂၄)ရက်နေ့က စ၍ ယာယီပိတ်လိုက်ပြီ

တရုတ် - မြန်မာ နယ်စပ်ဒေသ အထူးဒေသ(၄) နှင့် မိုင်းယုအကြားရှိ မိုင်းယု - ကျိန်းယဲန်းတံတားကို ကျိန်းယဲန်းဘက်က မတ်လ(၂၄)ရက်နေ့က စ၍ ယာယီပိတ်လိုက်ပြီ
မတ် 24, 2020
By Tachileik News Agency

တရုတ် - မြန်မာ နယ်စပ်ဒေသ အထူးဒေသ(၄) နှင့် မိုင်းယုအကြားရှိ မိုင်းယု - ကျိန်းယဲန်းတံတားကို ကျိန်းယဲန်း ဘက်က မတ်လ(၂၄)ရက်နေ့က စ၍ ယာယီပိတ်လိုက်ပြီ

တရုတ် - မြန်မာ နယ်စပ်ဒေသ အထူးဒေသ(၄)အဖွဲ့က ကိုရိုနာဗိုင်းရပ်စ် ( COVID - 19) ထိန်းချုပ်ကာကွယ်ရေးအတွက် မိုင်းယု - ကျိန်းယဲန်းတံတားကို ကျိန်းယဲန်းဘက်မှ ၂၀၂၀ခုနှစ် မတ်လ(၂၄)ရက်နေ့ နံနက်(၈)နာရီက စ၍ ဝင်/ထွက် သွားလာခွင့်ကို အကန့်အသတ်မရှိ ယာယီပိတ်လိုက်ကြောင်း သိရသည်။

"ဒီဖက်ကမ်းကတော့ အကန့်အသတ်မရှိ။ ပေးဖြတ်တယ်ပေါ့နော်၊ ဘာမှတားဆီးတာတော့ မရှိဘူး။ ဟိုဖက်ကမ်းကတော့ အဝင် အထွက်ကို ပိတ်လိုက်တယ်၊ ကုန်စည်ကတော့ လူတစ်ယောက် မောင်းလာတယ်ဆိုရင် ဟိုဖက်ကို ပေးဖြတ်တယ်၊ ကုန်စည်ကူးသန်းမှုကိုတော့ လူတစ်ယောက်ကန့်သတ်ပြီးတော့ ပေးဖြတ်တယ်။ ကျန်တဲ့လူတွေကိုတော့ အဝင် အထွက်ပိတ်တယ်လို့တော့ ကြားတယ်။"ဟု  မိုင်းယုမြို့မှ တာဝန်ရှိသူတစ်ဉီးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အထူးဒေသ(၄)၊ ကျိန်းယဲန်း မှတဆင့်  မိုင်းယု အပါအဝင် ကျိုင်းတုံ၊ တာချီလိတ်၊ မိုင်းဖြတ်၊ မိုင်းယောင်းသို့ ခရီးသွားလာနေသည့် ဒေသခံ ပြည်သူများအနေဖြင့် ကျိန်းယဲန်းသို့ ပြန်လာလိုပါက ချက်ချင်း ပြန်လာခွင့်မရှိသေးဘဲ နမ့်ပန်းတွင် (၁၅)ရက်အကြာ သီးသန့်စောင့်ကြည့်ကာ ကျန်းမာရေး စစ်ဆေးမှုပြီးမှသာ မိမိတို့ နေအိမ်သို့ ပြန်နိုင်မည်ဖြစ်ကြောင်း သိရသည်။

အလားတူပင် နမ့်ပန်းဒေသတွင် အလုပ် လုပ်ကိုင်နေသည့် မြန်မာလုပ်သားများအနေဖြင့် မိမိတို့ ဒေသသို့ ပြန်မည်ဆိုပါက ပြန်ခွင့်ပြုမည်ဖြစ်သော်လည်း အခြားသူများကိုတော့ ဝင်ထွက် သွားလာခွင့် ပြုမည်မဟုတ်ကြောင်း သိရသည်။

တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့ရှိ မိုင်းယု - ကျိန်းယဲန်း တံတား မိုင်းယုဘက်အခြမ်းတွင် တံတား အဝင်/အထက်၌ COVID-19 စစ်ဆေးခြင်းများကို ဇန်နဝါရီလ(၂၉)ရက်နေ့ကတည်းကစ၍ မိုင်းယုမြို့အုပ်ချုပ်ရေးမှူး ဦးအောင်ပြည့်ဖြိုး၊ မိုင်းယုတိုက်နယ်ဆရာဝန် ဒေါက်တာအောင်အောင်ဝင်းထွဋ် နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ဆောင်ရွက်ပြီး ရောဂါကူးစက်မှုမရှိစေရေးအတွက် mask တပ်ရန် နှင့် လက်ဆေးရန်၊ လူစုလူဝေးများရှိရာသို့ မသွားရန် အသိပညာပေးမှုများ လုပ်ဆောင်ကြောင်း သိရသည်။

Tachileik News Agency
သတင်း/ဓါတ်ပုံ - ကိုကိုနိုင်(မိုင်းယု)


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~