ထပ်ဆောင်းကာကွယ်ဆေး (၂) ကြိမ်ထိုးထားသည့် အမေရိကန်သမ္မတ  COIVD-19 ကူးစက်ခံရ

Covid-19 ကာကွယ်ဆေးထိုးခံနေသည့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်  [ Photo: CNN ]
Covid-19 ကာကွယ်ဆေးထိုးခံနေသည့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် [ Photo: CNN ]
ထပ်ဆောင်းကာကွယ်ဆေး (၂) ကြိမ်ထိုးထားသည့် အမေရိကန်သမ္မတ  COIVD-19 ကူးစက်ခံရ
By Mr John

 

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် COVID-19 ကူးစက်ခံထားရပြီး အိမ်ဖြူတော်တွင် သီးခြားနေထိုင်လျက်ရှိကြောင်း သိရသည်။ 

အသက် (၇၉) နှစ်အရွယ် ဂျိုးဘိုင်ဒန်က COVID-19 ကာကွယ်ဆေး အကြိမ်ပြည့်ထိုးထားပြီးဖြစ်သည့်အပြင် ထပ်ဆောင်းကာကွယ်ဆေးကိုလည်း (၂) ကြိမ်ထိုးထားသည်။ 

သမ္မတမှာ အလွန်အပျော့စား ရောဂါလက္ခဏာများ ဖြစ်ပေါ်နေကြောင်းနှင့် အလုပ်တာဝန်များကို ဆက်လက် လုပ်ဆောင်သွားမည်ဟု အိမ်ဖြူတော်သတင်းထုတ်ပြန်ရေးအဖွဲ့ အကြီးအကဲ Karine Jean-Pierre က ပြောသည်။

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ကို ဗိုင်းရပ်စ်သတ်ဆေး Paxlovid ပေးထားကြောင်းလည်း သူမ၏ ထုတ်ပြန်ချက်တွင် ဖြည့်စွက်ပြောထားသည်။ 

သမ္မတဂျိုးဘိုင်ဒန် အဆင်ပြေကြောင်း သမ္မတကတော် ဂျီလ်ဘိုင်ဒန်က ပြောခဲ့ပြီး သူမထံတွင်မူ COVID-19 ကူးစက်ခံရမှု မတွေ့ရဟု ဆိုသည်။ 

အိမ်ဖြူတော် လုပ်ထုံးလုပ်နည်းများအတိုင်း သမ္မတက ၎င်းထံတွင် COVID-19 ကင်းစင်ချိန်အထိ သီးခြားခွဲနေထိုင်ပြီး အလုပ်ဆက်လုပ်သွားမည်ဖြစ်ကြောင်း Karine Jean-Pierre က ပြောသည်။

သမ္မတဂျိုးဘိုင်ဒန်က အစည်းအဝေးများကို တယ်လီဖုန်းနှင့် Zoom မှတစ်ဆင့် တက်ရောက်သွားမည်ဟု တာဝန်ရှိသူတွေက ဆိုသည်။ 

အိမ်ဖြူတော်မှ COVID-19 ဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေး တာဝန်ရှိသူ ဒေါက်တာ Ashish Jha ၏ အဆိုအရ သမ္မတဂျိုးဘိုင်ဒန်မှာ ပင်ပန်းနေပြီး နှာရည်ယိုကာ ချောင်းခြောက်ဆိုးနေသည်ဟု သိရသည်။ 

သမ္မတထံတွင် COVID-19 ကူးစက်ခံထားရကြောင်း ဇူလိုင်လ (၂၁) ရက် နံနက်ပိုင်းက စစ်ဆေးသိရှိခဲ့ရသည်ဟု ဆိုသည်။

Source: BBC, Reuters