ကိုဗစ် ကပ်ရောဂါပြီးသွားပြီဟု လူအများ ယူဆထားသော်လည်း  ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအရေးပေါ် အခြေအနေတွင် ရှိနေဆဲဖြစ်ကြောင်း  ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ပြော

ကိုဗစ် ကပ်ရောဂါပြီးသွားပြီဟု လူအများ ယူဆထားသော်လည်း  ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအရေးပေါ် အခြေအနေတွင် ရှိနေဆဲဖြစ်ကြောင်း  ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ပြော
By Mr John

 COVID-19 ကပ်ရောဂါက ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အရေးပေါ်အခြေအနေ ဖြစ်နေဆဲဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း World Health Organization (WHO) က အောက်တိုဘာလ (၁၉) ရက်က ပြောကြားထားသည်။ 

"ကမ္ဘာ့နေရာအချို့တွင် ကပ်ရောဂါ ပြီးသွားပြီဟု လူအများက ယူဆထားသော်လည်း COVID-19 က ကမ္ဘာ့လူဦးရေ၏ ကျန်းမာရေးကို ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်သော အများပြည်သူ ကျန်းမာရေးဆိုင်ရာ အရေးကြီးကိစ္စအဖြစ် ရှိနေဆဲဖြစ်သည်" ဟု WHO အရေးပေါ်ကော်မတီက ပြောသည်။ 



WHO ၏ အရေးပေါ်ကော်မတီက COVID-19 ကို ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအရေးပေါ်အခြေအနေအဖြစ် ၂၀၂၀ ခုနှစ် ဇန်နဝါရီလ (၃၀) ရက်နေ့တွင် ပထမဆုံး သတ်မှတ်ကြေညာခဲ့သည်။ 

ထိုသို့ သတ်မှတ်ကြေညာမှုက ရောဂါတစ်ခုကို ထိန်းချုပ်ရန် သုတေသနလုပ်ငန်း၊ ရန်ပုံငွေနှင့် နိုင်ငံတကာတွင် အများပြည်သူကျန်းမာရေး အစီအမံများ အရှိန်မြှင့်လုပ်ဆောင်ရန်  အကူအညီပေးနိုင်သည်။ 

COVID-19 ကူးစက်မှုများမှာ ကမ္ဘာ့နေရာများတွင် လျော့ကျနေသော်လည်း နိုင်ငံများအနေဖြင့် ဆက်လက် သတိရှိကြရန်နှင့် ကူးစက်ခံရနိုင်ခြေ အများဆုံးလူများကို ကာကွယ်ဆေးထိုးပေးရန် WHO က မကြာသေးမီ လများအတွင်း ပြောခဲ့သည်။

COVID-19 ကြောင့် အပတ်စဥ် သေဆုံးသူအရေအတွက်မှာ ထိုကပ်ရောဂါ စတင်ခဲ့ပြီးနောက်ပိုင်း အနည်းဆုံးဖြစ်လာခဲ့သော်လည်း အခြား ဗိုင်းရပ်စ်များနှင့် နှိုင်းယှဥ်ပါက သေဆုံးမှုနှုန်း မြင့်မားနေဆဲဖြစ်ကြောင်း ကော်မတီက ဆိုသည်။

Source: Reuters