ကျိုင်းတုံမြို့တွင် နေ့တစ်ပိုင်းအတွင်း Covid-19 ကူးစက်ခံရသူ (၆၄)ဦး ထပ်တွေ့

ကျိုင်းတုံမြို့တွင် နေ့တစ်ပိုင်းအတွင်း Covid-19 ကူးစက်ခံရသူ (၆၄)ဦး ထပ်တွေ့
သြဂုတ် 28, 2021 | Covid-19| ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် ယနေ့ ဩဂုတ်လ(၂၈)ရက်နေ့အတွက် နေ့တစ်ပိုင်း စစ်ဆေးချက်အရ Covid-19 ကူးစက်ခံထားရသူ (၆၄)ဦး ထပ်တိုးတွေ့ရှိကြောင်း သိရသည်။

ယနေ့ နံနက်ပိုင်းတွင် မြို့နယ်ကျန်းမာရေးဌာနမှ (၁၄၉)ဦးအား စစ်ဆေးပေးရာ (၃၄)ဦးတွင် ပိုးတွေ့ပြီး ပြည်သူ့ဆေးရုံတွင် (၄၆)ဦးကို စစ်ဆေးရာ (၁၇)ဦးတွင် ပိုးတွေ့ရခြင်း ဖြစ်ကြောင်း သိရသည်။

မည်သူမဆို ကိုယ့်ကိုယ်ကို Covid-19 ပိုးရှိသည်ဟု သံယသရှိသူများကို ကျပ်(၁၀၀၀၀)ဖြင့် စစ်ဆေးပေးနေသည့် ကျိုင်းတုံမြို့ Fever Clinic တွင် (၆၂)ဦး လာရောက်စစ်ဆေးရာ (၁၃)ဦးတွင် ပိုးတွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။

ကျိုင်းတုံမြို့တွင် ၂၀၂၁ခုနှစ် ဇွန်လ(၂၉)ရက်နေ့မှ ယနေ့ ဩဂုတ်လ(၂၈)ရက်နေ့ နေ့လည်ပိုင်းအထိ Covid-19 ကူးစက်ခံထားရသူ   စုစုပေါင်း (၁၄၄၈)ဦးအထိ ရှိနေရာတွင် ဆေးရုံနှင့် Covid-19 စစ်တာများကနေ နေအိမ်ပြန်ခွင့်ရရှိသွားသူမှာ (၇၄၉)ဦးအထိရှိပြီး  သေဆုံးသူမှာလည်း အမျိုးသား(၁၅)ဦး နှင့် အမျိုးသမီး (၇)ဦး စုစုပေါင်း (၂၂)ဦးအထိ ရှိနေကြောင်း သိရသည်။

ဆက်စပ်သတင်း