မြန်မာအာဏာသိမ်းစစ်အုပ်စုကို ဆက်လက် ဖိအားပေးနေမည်ဟု  အမေရိကန် ကတိပြု

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင် နှင့် တိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းတို့နှင့် နေပြည်တော်တွင် ၂၀၁၆ခုနှစ် ဇန်နဝါရီ ၁၈ရက်နေ့က တွေ့ဆုံသည့် မှတ်တမ်းပုံဖြစ်သည်။ [ Photo: State Department photo/ Public Domain ]
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင် နှင့် တိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းတို့နှင့် နေပြည်တော်တွင် ၂၀၁၆ခုနှစ် ဇန်နဝါရီ ၁၈ရက်နေ့က တွေ့ဆုံသည့် မှတ်တမ်းပုံဖြစ်သည်။ [ Photo: State Department photo/ Public Domain ]
မြန်မာအာဏာသိမ်းစစ်အုပ်စုကို ဆက်လက် ဖိအားပေးနေမည်ဟု  အမေရိကန် ကတိပြု
ဇူလိုင် 11, 2022 | နိုင်ငံတကာသတင်း
By Mr John

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်က အာဏာသိမ်း မြန်မာအာဏာသိမ်းစစ်အုပ်စုကို ဆက်လက် ဖိအားပေးနေမည်ဟု ဇူလိုင်လ (၁၀) ရက်နေ့တွင် ကတိပြုခဲ့ပြီး တရုတ်အနေဖြင့် တသဘောတည်းရှိသင့်ကြောင်း ထိုင်းနိုင်ငံသို့လာရောက်သည့် ခရီးစဥ်အတွင်း ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ မြန်မာလူငယ်များနှင့် တွေ့ဆုံစဥ် ပြောခဲ့သည်။ 

ဘလင်ကင်က ၎င်း၏ ထိုင်းခရီးစဥ်အတွင်း မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်ရန် အကြံဉာဏ်သစ်များကိုလည်း ဆွေးနွေးခဲ့သည်ဟု ဆိုသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်က ထိုင်းနိုင်ငံအခြေစိုက် မြန်မာနိုင်ငံမှ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ လူငယ်များနှင့် ဇူလိုင်လ (၁၀) ရက်နေ့တွင် သီးသန့် တွေ့ဆုံခဲ့သည်။ 

ထိုသို့တွေ့ဆုံရာတွင် လူငယ်များ၏ မိသားစုဝင်များကို ကာကွယ်ရန် ကင်မရာပိတ်ထားစေခဲ့သည်ဟု ဆိုသည်။ 

တွေ့ဆုံမှုအတွင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ မြန်မာလူငယ်များ၏ ပြောကြားမှုများကို နားထောင်ခဲ့သည်။

မြန်မာမြန်မာအာဏာသိမ်းစစ်အုပ်စုအပေါ် အရေးယူပိတ်ဆို့ရေး အမေရိကန်မဟာဗျူဟာမှာ ထိရောက်အောင်မြင်မှုမရှိကြောင်း ဘလင်ကင်က အသိအမှတ်ပြုခဲ့သည်။

 သို့သော် ယူကရိန်းကို ရုရှား၏ကျူးကျော်မှု တိုက်ဖျက်ရေးအပေါ် ဦးစားပေးထားသော်လည်း အမေရိကန်က မြန်မာအရေးကို အာရုံစိုက်နေဆဲဖြစ်ကြောင်း ဘလင်ကင်က ဆိုသည်။ 

"အပြုသဘောဆောင်တဲ့ လှုပ်ရှားမှု မတွေ့ရဘူးလို့ ပြောရမှာ စိတ်မကောင်းစရာပဲ။ အဲဒါနဲ့ပြောင်းပြန်အဖြစ် မြန်မာပြည်သူတွေကို ဖိနှိပ်နေတာ ကျွန်တော်တို့ ဆက်တွေ့နေရတယ်" ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက သတင်းထောက်များကို ပြောသည်။

"ကျွန်တော်တို့ တတ်နိုင်သမျှနဲ့ အခြား နိုင်ငံတွေ တတ်နိုင်သမျှ နည်းလမ်းတွေကို ဆက်လက်ရှာဖွေသွားပါမယ်။ သူတို့အပေါ် ထိထိရောက်ရောက် ဖိအားပေးပြီး ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်သွားစေဖို့ပါ" ဟု ဘလင်ကင်က ဆိုသည်။ 

မြန်မာအာဏာသိမ်းစစ်အုပ်စုကို ၎င်း၏ ကတိကဝတ်များနှင့် ပတ်သက်၍ တာဝန်ခံစေရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်က အာဆီယံအဖွဲ့ကို တောင်းဆိုခဲ့သည်။ 

အတိုက်အခံများနှင့် တွေ့ဆုံဆွေးနွေးရန် ပါဝင်သော ဘုံသဘောတူညီချက်များကို ၂၀၂၁ ခုနှစ် ဧပြီလအတွင်း အာဆီယံထိပ်သီး အစည်းအဝေးတွင် မြန်မာမြန်မာအာဏာသိမ်းစစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သဘောတူလက်မှတ်ရေးထိုးထားခဲ့သည်။

သို့သော် ဘုံသဘောတူညီချက်များကို လက်တွေ့ အကောင်အထည်ဖော်ခြင်း မရှိသလောက်ဖြစ်ပြီး မြန်မာအာဏာသိမ်းစစ်အုပ်စုက အချိန်ဆွဲနေခဲ့သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က ရွေးကောက်ခံအရပ်သားအစိုးရထံမှ အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း လူသားချင်းစာနာထောက်ထားမှု အခြေအနေများ ပိုမိုဆိုးရွားလာပြီး လူမျိုးစုပဋိပက္ခများနှင့် မြန်မာအာဏာသိမ်းစစ်အုပ်စုကို လက်နက်ကိုင်တော်လှန်မှုများ ပိုမိုပြင်းထန်လာခဲ့ရာ လူဦးရေး သောင်းပေါင်းများစွာ နေအိမ်စွန့်ခွာ ထွက်ပြေးနေကြရသည်။

 

Source: AFP, Bangkok Post