တာချီလိတ်တွင် ထိုင်းနှင့်မြန်မာနိုင်ငံသား (၄)ဦးအား လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းမိ

တာချီလိတ်တွင် ထိုင်းနှင့်မြန်မာနိုင်ငံသား (၄)ဦးအား လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းမိ
စက်တင်ဘာ 14, 2020
By Tachileik News Agency

 

တာချီလိတ်တွင် ထိုင်းနှင့်မြန်မာနိုင်ငံသား (၄)ဦးအား လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းမိ

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့ရှိ ဟိုတယ်တစ်ခုတွင် ထိုင်းနိုင်ငံသား (၂)ဦးကို လက်နက်ခဲယမ်းအချို့နှင့် ဖမ်းမိပြီးနောက် ကွင်းဆက်ဖော်ထုတ်ချက်အရ တာချီလိတ်မြို့မှ အမျိုးသား (၁)ဦးနှင့် အမျိုးသမီး (၁)ဦးတို့ကိုပါ ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၁၃)ရက်နေ့တွင် ဖမ်းဆီးရမိကြောင်း သိရသည်။
ဆန်ဆိုင်း(ခ)ရပ်ကွက်ရှိ ဟိုတယ်တစ်ခုတွင် တည်းခိုနေထိုင်သည့် ထိုင်းနိုင်ငံသား လုန်နန်ချိုင်းဆတ်ဒါနန် (ခ) ဘုဒိနှင့် ချိုင်းဝပ်တို့ (၂)ဦးကို စက်တင်ဘာလ (၁၃)ရက်နေ့ ညနေ (၃)နာရီခွဲဝန်းကျင်က အခန်းတွင် ပွိုင့် ၃၂ သေနတ် (၁)လက်၊ ကျည်အိမ် (၁)ခု၊ ကျည် (၃၉)တောင့်တို့နှင့်အတူ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ သေနတ်နှင့်ကျည်များမှာ မယ်ခေါင်ရပ်ကွက်နေ အမျိုးသမီးတစ်ဦးဖြစ်သည့် အီဖန်အတွက် ယူဆောင်လာခြင်းဖြစ်ကြောင်း သိရသဖြင့် အီဖန်ကိုပါ ယင်းနေ့မှာပင် ဖမ်းဆီးထိန်းသိမ်းလိုက်ပြီးနောက် နောက်ထပ် လက်နက်ခဲယမ်းများ သိမ်းဆည်းထားသည်ဟု သတင်းရသည့် ဆန်ဆိုင်း(ခ)ရပ်ကွက်ရှိ ဇော်ဇော်ထွန်း (ခ) အိုက်အေး၏ နေအိမ်အား ရဲတပ်ဖွဲ့က သက်သေများနှင့်အတူ စက်တင်ဘာလ (၁၃)ရက်နေ့မှာပင် ဝင်ရောက်ရှာဖွေခြင်းဖြစ်ကြောင်း သိရသည်။
မယ်ခေါင်ရပ်ကွက်ရှိ အီဖန်၏ နေအိမ်မှ လက်နက်ခဲယမ်းများ ဖမ်းဆီးရမိခြင်း မရှိသော်လည်း ဇော်ဇော်ထွန်း (ခ) အိုက်အေး၏ နေအိမ်မှ တစ်လုံးထိုးသေနတ် (၂) လက်နှင့် ကျည်စုစုပေါင်း (၇၅) တောင့်တို့ကို သိမ်းဆည်းရမိပြီး အဆိုပါ လက်နက်ခဲယမ်းများမှာ ထိုင်းနိုင်ငံသား လုန်နန်ချိုင်းဆတ်ဒါနန် (ခ) ဘုဒိ၏ လက်နက်များဖြစ်သည်ဟု သိရသည်။
လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းမိသည့် ထိုင်းနိုင်ငံသား (၂)ဦးဖြစ်သည့် လုန်နန်ချိုင်းဆတ်ဒါနန် (ခ) ဘုဒိနှင့် ချိုင်းဝပ်၊ မြန်မာနိုင်ငံသားများဖြစ်ကြသည့် ဇော်ဇော်ထိန်း(ခ) အိုက်အေးနှင့် အီဖန်တို့ကို ဖမ်းဆီးထိန်းသိမ်းထားပြီး တာချီလိတ်မြို့မရဲစခန်းတွင် ရှမ်းလက်နက် ၁၂(က)/ဂ ဖြင့်အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။

Tachileik News Agency

 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~