မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မိုင်းယောင်းမြို့ရှိ မြို့မဈေးအတွင်း သရုပ်ပြလေ့ကျင့်

မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မိုင်းယောင်းမြို့ရှိ မြို့မဈေးအတွင်း သရုပ်ပြလေ့ကျင့်
ဒီဇင်ဘာ 25, 2020 | ရှမ်းရှေ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့ရှိ မြို့မဈေးအတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် စည်ပင်သာယာရေးဌာန နှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းပြီး သရုပ်ပြလေ့ကျင့်မှုကို ၂၀၂၀ခုနှစ် ဒီဇင်ဘာလ(၂၅)ရက်နေ့ မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

လက်တွေ့သရုပ်ပြနေစဉ်

မိုင်းယောင်းမြို့နယ်မီးသတ်ဦးစီးမှူး ဦးထွန်းနေလှိုင်က မီးဘေးအန္တရာယ်ကာကွယ်ရေးနှင့် မီးလောင်လျှင် မီးသတ်ဆေးဘူးအသုံးပြု၍ မီးငြှိမ်းသတ်နည်းများကို ဆွေးနွေးပြသပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းအောင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအိုက်ခမ်းလှိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်း၊ စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးထွန်းညို၊ မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးအားထူယာ၊ တာဝန်ခံအင်ဂျင်နီယာ ဦးစိုင်းဟိန်းလွမ်းမိုးနှင့် ဝန်ထမ်းများ၊ ဈေးသူ ဈေးသားများက မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်ခြင်းကို လက်တွေ့ဆောင်ရွက်ကြသည်။

လက်တွေ့သရုပ်ပြနေစဉ်

ဆက်လက်၍ မီးသတ်ဦးစီးမှူး ဦးထွန်းနေလှိုင်နှင့် တပ်ဖွဲ့ဝင်များက မီးငြိမ်းသတ်ယာဉ်၊ မီးသတ်ရေသယ်ယာဉ်များ အသုံးပြုပြီး မီးငြှိမ်းသတ်ခြင်း၊ ဘေးပတ်ဝန်းကျင်နေရာများတို့ မီးကူးစက်မှု မရှိစေရန် အပူချိန်လျှော့ချသော အနေအထားဖြစ်အောင် ရေပက်ဖျန်းထားရှိခြင်းတို့ကို လက်တွေ့ သရုပ်ပြသခဲ့သည်။

Tachileik News Agency

သတင်း/ဓါတ်ပုံ - စိုင်းအောင်ဇော်လင်း