တာချီလိတ်မြို့ပေါ် ရပ်ကွက်(၅)ခု နှင့် ကျေးရွာအုပ်စု(၁)စုတို့တွင် Covid-19 ကူးစက်ပြန့်ပွားမှု အခြေအနေ

တာချီလိတ်မြို့ပေါ် ရပ်ကွက်(၅)ခု နှင့် ကျေးရွာအုပ်စု(၁)စုတို့တွင် Covid-19 ကူးစက်ပြန့်ပွားမှု အခြေအနေ
နိုဝင်ဘာ 29, 2020
By Tachileik News Agency
တာချီလိတ်မြို့ပေါ် ရပ်ကွက်(၅)ခု နှင့် ကျေးရွာအုပ်စု(၁)စုတို့တွင် Covid-19 ကူးစက်ပြန့်ပွားမှု အခြေအနေ
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်တွင် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၂၉)ရက်နေ့အထိ  တွေ့ရှိသည့် COVID 19 အတည်ပြုလူနာ (၂၂) ဦးအနက် ပိုးတွေ့လူနာများ (၁၉)ဦးကို မြို့ပေါ်ရပ်ကွက် (၅) ခုနှင့် ကျေးရွာအုပ်စု (၁)စုတို့၌ တွေ့ရှိထားခြင်းဖြစ်သည်။
တာချီလိတ်မြို့ပေါ် (၁၁)ရပ်ကွက်ရှိသည့်အနက် ပုန်းထွန်၊ ဆန်ဆိုင်း(ခ)၊ မယ်ခေါင်၊ ဝိန်းကျောက်၊ ပါဆတ်ရပ်ကွက်များနှင့် မိုင်းဖုန်း(က)ကျေးရွာအုပ်စုတို့တွင် ပိုးတွေ့လူနာ စုစုပေါင်း (၁၉)ဦးကို ၂၀၂၀ခုနှစ် နိုဝင်ဘာလ (၂၅)ရက်နေ့မှ နိုဝင်ဘာလ(၂၉)ရက်နေ့အထိ တွေ့ရှိထားခြင်းဖြစ်သည်။
ပုန်းထွန်ရပ်ကွက်တွင် (၁)ဦး၊ ဆန်ဆိုင်း(ခ)ရပ်ကွက်တွင် (၇) ဦး၊ မယ်ခေါင်ရပ်ကွက်တွင် (၁) ဦး၊ ဝိန်းကျောက်ရပ်ကွက်တွင် (၁) ဦး၊ ပါဆတ်ရပ်ကွက်တွင် (၃) ဦးနှင့် မိုင်းဖုန်း(က) ကျေးရွာအုပ်စုတွင် (၆) ဦး စုစုပေါင်း (၁၉)ဦးသည် တာချီလိတ်မြို့ 1G1 Hotel ၏ KTV မှ တဆင့် ဆက်စပ်၍ တွေ့ရှိရသူများ ဖြစ်သည်။
အတည်ပြုလူနာ (၂၂) ဦးရှိသည့်အနက် ပုန်းထွန်ရပ်ကွက်တွင် (၁)ဦး၊ ဆန်ဆိုင်း(ခ)ရပ်ကွက်တွင် (၇) ဦး၊ မယ်ခေါင်ရပ်ကွက်တွင် (၁) ဦး၊ ဝိန်းကျောက်ရပ်ကွက်တွင် (၁) ဦး၊ ပါဆတ်ရပ်ကွက်တွင် (၃) ဦးနှင့် မိုင်းဖုန်း(က) ကျေးရွာအုပ်စုတွင် (၆) ဦးတွေ့ရှိထားပြီး ပဲခူးတိုင်းဒေသကြီးမှလာသူ (၂)ဦးနှင့် ရန်ကုန်မှလာသူ ယာဉ်မောင်း (၁)ဦးတို့ကိုလည်း အတည်ပြုလူနာများအဖြစ် တာချီလိတ်တွင် ကုသပေးနေခြင်းဖြစ်သည်။
တာချီလိတ်မြို့ပေါ် ရပ်ကွက်(၅)ခုမှ တွေ့ရှိရသည့် အတည်ပြုလူနာများနေထိုင်ရာ နေရာများကို Lockdown သတ်မှတ်ထားပြီး မိုင်းဖုန်း(က)ကျေးရွာအုပ်စုတွင်လည်း Lockdown သတ်မှတ်ထားကြောင်း သိရှိရသည်။
Tachileik News Agency
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~