ထီးလင်းတွင် အာဏာသိမ်းတပ်၏ ကင်းစခန်းကို ဒေသကာကွယ်ရေးတပ်များ ပူးပေါင်းတိုက်ခိုက်

ထီးလင်းတွင် အာဏာသိမ်းတပ်၏ ကင်းစခန်းကို ဒေသကာကွယ်ရေးတပ်များ ပူးပေါင်းတိုက်ခိုက်
By Tachileik News Agency

စစ်ကိုင်းတိုင်း၊ ထီးလင်းမြို့နယ်၊ ရေမျက်နီရွာအနီးရှိ အာဏာသိမ်းစစ်ကောင်စီတပ်၏ ဘုရားကိုးဆူ ကျေးစလောင်းတောင်ကင်းစခန်းအား ဒေသကာကွယ်ရေးတပ်များက ၂၀၂၂ ခုနှစ်၊ မေလ(၁၅)ရက်နေ့တွင် ဝင်ရောက်တိုက်ခိုက်ကြောင်း People Defence Force Htilin က သတင်းထုတ်ပြန်သည်။ 

အင်အား(၃၀)ဝန်းကျင်ရှိသည် ဘုရားကိုးဆူ ကျေးစလောင်းတောင်ကင်းစခန်းကို ထီးလင်း PDF၊ KKG၊ PRA၊ န.ပ.တ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ပွဲမှာ (၁)နာရီကျော်ကြာမြင့်ခဲ့ပြီး န.ပ.တ ဆိုက်ဘာအဖွဲ့က ဒရုန်းဖြင့် အနီးကပ်တိုက်ခိုက်မှုပါ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကာ အာဏာသိမ်း စစ်ကောင်စီတပ်ဘက်တွင် သေဆုံးသူများရှိကြောင်း သိရသည်။

စစ်‌ကောင်စီတပ်ဘက်ကလည်း လက်နက်ကြီး၊ စနိုက်ပါတို့ဖြင့်ပါ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယနေ့ မေလ(၁၆)ရက်နေ့၊ နံနက်ပိုင်းတွင်လည်း အောင်းရွာမှ အရှေ့ဘက်သို့ ဦးတည်ထွက်ခွာလာသော စစ်ကောင်စီတပ်မ(၁၁)နှင့် YDF(Htilin)တို့ အနီးကပ်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထိခိုက်သေဆုံးအခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရသည်။