ရွှေကူမြို့နယ်အတွင်း မြို့လှ PDF ၏ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် အာဏာသိမ်းစစ်တပ်ဘက်က သေဆုံးနှင့်ဒဏ်ရာရရှိသူ များပြား

ရွှေကူမြို့နယ်အတွင်း မြို့လှ PDF ၏ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် အာဏာသိမ်းစစ်တပ်ဘက်က သေဆုံးနှင့်ဒဏ်ရာရရှိသူ များပြား
ဇန်နဝါရီ 9, 2022 | အခြားဒေသများ

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တွင် ဇန်နဝါရီလ(၈)ရက်နေ့က အာဏာသိမ်း အကြမ်းဖက် စစ်တပ် နှင့် မြို့လှပြည်သူ့ကာကွယ်ရေးတပ်အကြား တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားပြီး အာဏာသိမ်းစစ်တပ်ဘက်က သေဆုံးသူများခဲ့ကြောင်း မြို့လှ PDF က ယနေ့ ဇန်နဝါရီလ(၉)ရက်တွင် ထုတ်ပြန်လာသည်။

ပိန်းခွံဖက်မှ ဆင်းလာသည့် အကြမ်းဖက်စစ်ကောင်စီ အင်အား(၁၅၀)ခန့်ကို ဇန်နဝါရီလ(၈)ရက်၊ နံနက်ပိုင်းက မြို့လှ PDF က ရွှေငြိမ်းချမ်းရွာအနီးတွင် စောင့်ကြိုကာ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ  သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရရှိသူ များပြားကြောင်း သိရသည်။ 

ထို့နောက် ညနေ (၃)နာရီခွဲတွင် မင်းကျောင်းကုန်းမှ ချီတက်လာသည့် အင်အား(၄၀)ခန့်ပါ အကြမ်းဖက်စစ်တပ်၏ တပ်မ(၈၈ ) လက်အောက်ခံတပ်၊ တပ်ရင်း(၄၁၆)ကို သာယာကုန်းရွာအနီး အရောက်တွင် မြို့လှ PDFတပ်မှ မိုင်း(၄)လုံးဖြင့် စောင့်ကြိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရာတွင်လည်း အာဏာသိမ်းစစ်တပ်ဘက်က သေဆုံးမှု များကြောင်း သိရသည်။