မုံရွာမှ မြင်းမူလမ်းပေါ် မိုင်းရှာထွက်လာသည့် စစ်ကောင်စီတပ်အဖွဲ့ အထူးမိုင်းဖြင့် တိုက်ခိုက်ခံရပြီး သေဆုံးမှုများရှိ

 မုံရွာမှ မြင်းမူလမ်းပေါ် မိုင်းရှာထွက်လာသည့် စစ်ကောင်စီတပ်အဖွဲ့ အထူးမိုင်းဖြင့် တိုက်ခိုက်ခံရပြီး သေဆုံးမှုများရှိ
ဧပြီ 22, 2022 | အခြားဒေသများ

မန္တလေး - မုံရွာလမ်းမပေါ်  မုံရွာမှ မြင်းမူလမ်း၌ မိုင်းရှာထွက်လာသည့် အာဏာသိမ်းစစ်ကောင်စီတပ်အား ယနေ့ ဧပြီလ(၂၂) ရက်နေ့ နံနက်ပိုင်းက မိုင်းခွဲတိုက်ခိုက်ရာ ကားတစ်စီးပျက်စီးပြီး စစ်ကောင်စီတပ်သားများ သေဆုံးမှုရှိကြောင်း မြောင် PDF က သတင်းထုတ်ပြန်လာသည်။ 

မုံရွာမှ မြင်းမူလမ်း၊ ဂွေးပင်တောရွာနှင့် ဘိုးမင်းကြီးကင်းအကြားတွင် အထူးမိုင်းစစ်ဆင်ရေးအတွက် ထုတ်လုပ်ထားသည့် (၄)လုံးဆင့် ကျောက်တိုင်မိုင်းနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား (၈)ဦးသေပြီး ဒဏ်ရာရသူ များပြားကြောင်း သိရသည်။

ဒါ့အပြင် လက်ကျန်မိုင်း(၁၁)လုံးနှင့် တဖက်ပွင့်မိုင်းနှစ်လုံး တပ်ဆင်ထားသော ကြိုးအား စစ်ကောင်စီတပ်သားများ ခလုတ်တိုက်မိ ပြီး မိုင်းပေါက်ကွဲသဖြင့် ထပ်မံသေဆုံးနိုင်ကြောင်း သိရသည်။

၎င်းတိုက်ခိုက်မှုကို မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးတပ်ဖွဲ့၊ အမျိုးသမီးစစ်သည်တော်တပ်ရင်း(မြောင်)၊ စစ်ကိုင်းခရိုင် တပ်ရင်း(၁၊ ၂၊ ၃)၊ ‌Myaung Union Army၊ ကန္တာရသိမ်းငှက်အဖွဲ့၊ Black Eagle၊ မြင်းမူပျောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။